Sunday, 19 June 2016

ပရောဂျက်ဘတ်ဂျက်တွက်ချက်ခြင်း (အပိုင်း-၃)


ပရောဂျက် ကုန်ကျစရိတ်ကို တွက်ချက်ရာမှာ နောက်ထပ် ထည့် သွင်းစဉ်းစားလေ့ ရှိ တဲ့ အကြောင်းအရာတစ်ခုကို ဖော်ပြချင်ပါတယ်။ Reserve Analysis လို့ ခေါ်ကြပါတယ်။ ဆိုလိုရင်းမှာ ခန့် မှန်းထားသော ဘတ်ဂျက်ကုန်ကျစရိတ်ထဲတွင် ငွေကြေး အပို ပမာဏ မည်မျှထည့် ကာ စဉ်းသားထားသည်ကို စမ်းစစ်ခြင်း ဖြစ်ပါသည်။
(လက်တွေ့ တွင် ငွေကြေး တစ်မျိုးထဲသာ မဟုတ်ဘဲ အချိန်၊ လူအင်အားစသည်ဖြင့် လည်း အပိုနဲနဲ ထည့်  ကာ နောင်ဖြစ်လာနိုင်သည့် အနာဂါတ်ပြဿနာများအတွက် ထည့် သွင်းစဉ်းစားလေ့ ရှိပါသည်။ )

ဒီလိုစမ်းစစ်လေ့ လာတဲ့ အခါမှာ သီးသန့် ဖယ်ထားသောပမာဏ(Reserves ) ကို ပရောဂျက်၏ မသေချာသော ကုန်ကျစရိတ်တွေ အတွက် အပိုဆောင်း ထည့် ထားသော (Contingency Reserve) နှင့်  အနာဂါတ်မှာ မျှော်လင့်  မထားဘဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ အတွက် သီးသန့်  ဖယ်ထားသော ပမာဏ (Management Reserve) ဆိုပြီး ၂ မျိုး ခွဲခြား ထားပါတယ်။

Contingency Reserve
ဒီအမျိုးအစားအောက်မှာဖယ်ထားတဲ့ ငွေကြေးပမာဏကတော့ ပရောဂျက်တစ်ခုမှာ သိထားပြီးသား ဖြစ်နိုင်ချေရှိတဲ့  ပြဿနာ (Identified Risks) တွေ အတွက် ဖယ်ထားလေ့ ရှိတာပါ။ ဒီပြဿနာတွေကို သိလဲသိပြီးပြီ၊ ကြိုတင်ကာကွယ်မှူတွေလုပ်ဖို့ လည်း ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဒီလို အရေးပေါ်သုံးဖို့ ပမာဏကို ကြိုတင်ပြီး ဘတ်ဂျက်ထဲမှာ ထည့် ထားရပါတယ်။

ပရောဂျက်စီမံခန့် ခွဲမှူ သီအိုရီ သဘောတရားအရတော့  “သိခြင်း - မသိခြင်း” (Known-Unknown) တွေအတွက် ပြင်ဆင်ထားခြင်းလို့ ခေါ်ပါတယ်။ “သိခြင်း” ဆိုသည်မှာ ပရောဂျက်တစ်ခုအတွက် ဖြစ်လာနိုင်သည့့် ပြန်လုပ်ရမည့် လုပ်ငန်းစဉ်အချို့ (Reworks) ရှိသည်ကို သိခြင်းဖြစ်ပြီး၊ “မသိခြင်း” ဆိုသည်မှာ ထိုသို့  ပြန်လည် လုပ်ပေးရမည့် လုပ်ငန်းစဉ်များ၏ ပမာဏ (Amount of reworks) ကို မသိခြင်းဖြစ်သည်။

Contingency Reserves များကို ဆက်ဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုတည်း (A specific activity) အတွက်သာမကဘဲ ပရောဂျက်တစ်ခုလုံး အတွက်ပါ စဉ်းစားပြင်ဆင်ထားနိုင်ပါသည်။ အချို့ ကုမ္ပဏီများသည် ပရောဂျက် ဘတ်ဂျက်တွင် Contingency Reserves များကို ပရောဂျက်ကုန်ကျစရိတ်တစ်ခုလုံး၏ ရာခိုင်နှူန်းတစ်ခုအနေဖြင့်  လည်း သတ်မှတ်လေ့ ရှိပါသည်။ အများအားဖြင့် တော့  ၃% မှ ၅% အထိ သတ်မှတ်လေ့ ရှိသည်။

အကယ်၍ ပရောဂျက် ကို လုပ်ဆောင်နေရင်း ပိုပြီးတိကျတဲ့  အချက်အလက်တွေရလာပါက အဲဒီလို အရေးပေါ်သုံးဖို့  သတ်မှတ်ထားတဲ့  ပမာဏကို လျော့ ပြစ်လိုက် သို့ မဟုတ် လုံးလုံးဖြုတ်ပြစ်လိုက်လို့ ရပါတယ်။ ဂရုပြုသင့် တာ ကတော့ ပရောဂျက်တစ်ခုအတွက် Contingency ဒီလောက်ပမာဏ လိုအပ်တယ်ဆိုတာကို ပရောဂျက် ကုန်ကျစရိတ်တွက်ချက်မှူ မှတ်တမ်း (Cost Documentation) မှာ အတိအလင်း မှတ်တမ်းတင်ပြီး ခွင့် ပြုချက်ရယူ ထားဖို့ တော့  လိုပါတယ်။

Management Reserves
ကုန်ကျစရိတ်တွေ တွက်ချက်တဲ့ အခါမှာ ဒီ Management Reserve ကို ထည့် သွင်းစဉ်းစားဖို့ လဲ အရေးကြီးပါတယ်။ ဒီပမာဏ ကတော့  အခု လက်ရှိအထိ မသိသေးတဲ့  ပရောဂျက်ရဲ့  အနာဂါတ်ပြဿနာတွေအတွက် ကြိုတင်ပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အများအားဖြင့် တော့ ဒီပမာဏကို ကုမ္ပဏီအထက်ပိုင်း လူကြီးတွေက၊ ကန့်  သတ်ထားလေ့ရှိပါတယ်။
အထက်မှာပြောခဲ့ သလိုပဲ သီအိုရီသဘောတရားအနေနဲ့ တော့  Management Reserve ကို “မသိခြင်း - မသိခြင်း” (Unknown-Unknown) လို့ ခေါ်ပါတယ်။ ပြန်လုပ်ပေးရမည့် အလုပ် (Reworks) ရှိမရှိ မသိသလို အဲ့ ဒီ အလုပ်ပမာဏ (Amount of Reworks) ကိုလည်း မသိနိုင်သေးပေ။

ပရောဂျက်မန်နေဂျာများအနေဖြင့် ထို ပမာဏ သည် ပရောဂျက် ဘတ်ဂျက်တွင် ထည့် သွင်းထားသော်လည်း တကယ်တမ်း ထိုပမာဏကို အသုံးပြုမည်ဆိုပါက အထက်အုပ်ချုပ်ရေးပိုင်းလူကြီး (Senior Management) ၏ ခွင့် ပြုချက်ကို ထပ်မံရယူရမည်ဖြစ်ပါသည်။
အောက်မှာတော့  ပရောဂျက်စီမံခန့် ခွဲမှူ ဗဟုသုတဆိုင်ရာ အဖွဲ့ အစည်း PMBOK (Project Management Body of Knowledge) ၏ ၅ ကြိမ်မြောက်ထုတ်ဝေတဲ့ မှီငြမ်းစာအုပ်မှာပါတဲ့  “ပရောဂျက်ဘတ်ဂျက် နှင့်  သက်ဆိုင်ရာ အစိတ်အပိုင်းများ” ပြထားတဲ့ ပုံကို ဗဟုသုတ အနေဖြင့်  ဖော်ပြပေးလိုက်ပါတယ်။