ယနေ့ ခေတ် တစ်ချို့ အဖွဲ့ အစည်း တွေ ကုမ္ပဏီတွေ ဟာ စီမံကိန်းများ (Projects) ကို အမြဲတမ်းလိုလို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီး အလုပ်အပ်သူ (customers) တွေရဲ့ ကျေနပ်နှစ်သက်မှူ (Satisfaction) ၊ ယုံကြည်မှူများ (Trust) ကို ရရှိကာ ထပ်ကာထပ်ကာ ပြန်လည်အလုပ်အပ်ခြင်း စသည့် ကောင်းကျိုးများစွာ ရရှိနေကြပါတယ်။ ဒါပေမယ့်  ကုမ္ပဏီအများစု တို့ မှာ တော့ အဲဒီလို အောင်မြင်မှူ တွေနဲ့ အလှမ်းဝေးပြီး၊ ချာလည်ချာလည် နဲ့ ပဲ စီမံကိန်း (Projects) တွေကို အချိန်မှီ ပြီးအောင် မနည်းကြိုးစားနေကြရပါတယ်။
ကျွန်တော်တို့  လေ့ လာကြည့် ရအောင်။ ဘာတွေကွာခြားလို့ ပါလဲ? လုပ်ပုံကိုင်ပုံ၊ စီမံခန့် ခွဲပုံ ဘာတွေမတူ ကြလို့ ပါလဲ? သင့်  ကုမ္ပဏီမှာရော ……. ဘယ်လို လုပ်ကိုင်နေပါသလဲ?
လေ့လာချက်တွေအရ ပရောဂျက်တွေကို အောင်မြင်အောင် မလုပ်နိုင်တဲ့ ကုမ္ပဏီတွေမှာ တော့ အောက်မှာ ပြထားတဲ့  အချက်တွေထဲက တစ်ခု သို့ မဟုတ် တော်တော်များများ တွေ့ ရလေ့ ရှိပါတယ်။
၁။ စီမံကိန်းတွေ ဟာ အမြဲ နောက်ကျနေပြီးမှ ပြီးနေခြင်း ၊ သတ်မှတ်ထားတဲ့ ဘတ်ဂျက်တွေနဲ့ မလောက်ခြင်း၊ အလုပ်အပ်သူတွေရဲ့ လိုအပ်ချက်တွေအတိုင်း ရလာဒ်တွေ မကိုက်ညီခြင်း။
၂။ ညံ့ ဖျင်းတဲ့  လုပ်နည်းလုပ်ဟန်တွေနဲ့ တစ်ယောက်တစ်မျိုး အဆင်ပြေသလို လုပ်နေကြခြင်း။
၃။ စီမံခန့် ခွဲမှူ နည်းလမ်းနဲ့ နည်းစနစ်တွေကို အသုံးချတဲ့ နေရာမှာလည်း ၊ ပြဿနာကို ကြိုတင်အဖြေရှာပြီး
ရင်ဆိုင်ဖြေရှင်းဖို့  ပြင်ဆင်ထားခြင်း (Proactive) မဟုတ်ဘဲ ဖြစ်မှ လိုက်ဖြေရှင်း ခြင်း (Reactive) စိတ်ထားမျိုးများသာ တွေ့ နေရခြင်း၊
၎။ ပရောဂျက် အောင်မြင်စေ ဖို့ အတွက် သင့် တော်တဲ့ လုပ်ထုံးလုပ်နည်း တွေကို သုံးဖို့ ၊ လိုအပ်တဲ့  အ ချိန်ကို စီမံကိန်း အချိန်ဇယား (Project Schedule) ထဲမှာထည့်မစဉ်းစားထားခြင်း၊
၅။ ပရောဂျက် စီမံခန့် ခွဲမှူ နည်းလမ်းတွေ ဆိုတာ အချိန်ကုန်ရုံ သက်သက် အပို တွေပါဟု ယူဆထားခြင်း၊
၆။ စီမံခန့် ခွဲမှူနဲ့  ကြိုတင်ပြင်ဆင်ထားမှူ မရှိလည်းဘဲ၊ စိတ်ဖိစီးမှူဒဏ်ခံနိုင်ပြီး အချိန်ပိုလုပ်နိုင်တဲ့ ၊ သူရဲကောင်း အလုပ်သမားတွေရှိရုံနဲ့  ပရောဂျက် ကိုပြီးအောင်လုပ်လို့ ရပါတယ်ဟု ထင်ယောင်ထင်မှားယုံ ကြည်ခြင်း စသည့် အချက်တွေပါပဲ။
တကယ်လို့ သာ ကောင်းမွန်တဲ့ စီမံခန့် ခွဲမှူတွေ ရှိခဲ့ မယ်ဆိုရင် မလိုလားအပ်တဲ့ ၊ ပရောဂျက် ဆုံးရှူံးမှူတွေကို ကြိုတင်ကာကွယ်နိုင်ပါလိမ့် မယ်။ သို့ သော် ကောင်းမွန်တဲ့ စီမံခန့် ခွဲမှူ နည်းလမ်းတွေ ရှိရုံ ဖြင့် စီမံကိန်း ပြဿနာများ လုံးဝ မရှိနိုင်တော့ဟု ယူဆ၍ မရပေ။ စိုးရိမ်စရာ အခြေအနေများ လုံးဝပျောက်ကွယ်သွား မည်ဟုဆိုလိုခြင်းလည်း မဟုတ်ပေ။ ကောင်းမွန်သော စီမံခန့် ခွဲမှူဆိုသည်မှာ၊ ကြိုတင်ကာ စနစ်တကျဖြင့်  စံနှူန်းစံထား၊ လုပ်ထုံးလုပ်နည်းများကို ကြိုတင် သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ နောက်ပြဿနာများ ပေါ်လာပါက အသင့် ရှိထားသော ထိုနည်းလမ်းများဖြင့်  စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။
ကောင်းမွန်သော စီမံခန့် ခွဲမှူ လုပ်ထုံးလုပ်နည်းတွေကို အသုံးချခြင်းကြောင့် ကုမ္ပဏီများ အဖွဲ့ အစည်းများ အပြင် ပါဝင် ပါတ်သက်သူ များသည် အောက်ပါ ကောင်းကျိုးများစွာကို ရရှိနိုင်ပေမည်။
• စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် ကုန်ကျစရိတ် သက်သက်သာသာနဲ့ ပြီးနိုင်ခြင်း၊
ဒီအချက်ကိုရနိုင်ဖို့ အတွက် အခြေခံအားဖြင့် ၊ ဘယ်စီမံကိန်းမှာမဆို အသုံးပြုနိုင်တဲ့ ၊ စံပြုထား တဲ့  နည်းလမ်းတွေရှိဖို့ ၊ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့ လိုပါတယ်။ လုပ်ထုံးလုပ်နည်းတွေ ၊ မှတ်တမ်းမှတ်ရာတွေ၊ စာရွက်စာတမ်းတွေဟာ ကနဦး စီမံကိန်းတစ်ခု အတွက်ဖန်တီးထားခဲ့ ပေမယ့်  နောက်ထပ် စီမံကိန်းတွေ အတွက်ပါ ပြန်သုံးနိုင်တာမျိုး ဖြစ်ရပါမယ်။ သုံးလဲသုံးသင့် ပါတယ်။ ဒီလိုပြန်သုံးတာဟာ အဲ့ဒီလို အလားတူ စာရွက်စာတမ်းမျိုးတွေကို အစအဆုံးပြန်စလုပ် ရမယ့် အချိန် (Start-up Time) ကို သက်သာစေပါတယ်။ ဒါ့ အပြင် ယခင် စီမံကိန်းတွေမှာ ၊ အသုံးပြုဖူးတဲ့  နည်းလမ်းတွေ ဖြစ်တဲ့  အတွက် အသုံးပြုသူတွေနေနဲ့  လည်း ရင်းနှီးအောင်လေ့လာရမယ့် ကြာချိန် (Learning Curve) ကိုလည်းသက်သာစေပါတယ်။ ဒါကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ နည်းလမ်းတွေကို ပြန်လုပ်စရာမလိုတဲ့ အပြင် တစ်ယောက်တစ်မျိုး လုပ်ကြပြီး စနစ်မကျမယ့်  အခြေအနေတွေကိုလည်း ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
• ပိုပြီးထင်သာမြင်သာရှိခြင်း
ပရောဂျက် စီမံခန့် ခွဲမှူ နည်းလမ်းတွေအသုံးပြု ခြင်း ရဲ့ နောက်ထက်အကျိုးပြုတဲ့ အချက်ကတော့ လုပ်ငန်း အခြေအနေ နှင့် တိုးတက်မှူကို ၊ ပိုပြီးထင်သာမြင်သာရှိစေခြင်းပါ။ ပိုပြီးကောင်းမွန်တဲ့  ကြိုတင်အစီအစဉ်ချခြင်း ကြံစည်ခြင်း (advanced planning) ဟာ၊ လုပ်ရမည့်  အလုပ်ဦးတည်ချက် ကို ပိုမို ရှင်းလင်းစွာနား လည် စေပြီး ၊ ပိုပြီးကောင်းမွန်တဲ့ ခန့်  မှန်းချက် (Better Estimate) နဲ့  မျှော်လင့် ထားတဲ့ အတိုင်း အလုပ်ပြီးမြောက်မှူကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပဲ စီမံကိန်းလုပ်ငန်းပြီးစီးမှူ တစ်စတစ်စ တိုးတက်လာ လေလေ၊ ကြိုတင်စီစဉ်ထားနဲ့  ငွေကြေး၊ အချိန်ဇယား အတိုင်း ကိုက်ညီမှူ ရှိမရှိကိုလည်း အလွယ်တကူ ထင်ထင်ရှားရှား သိရှိစေနိုင်ပါတယ်။ ဒီလို သိရှိနိုင်တာဟာ ကုမ္ပဏီတစ်ခုအတွက် အရမ်း အရေးကြီးပါတယ်။ ပရောဂျက်တွေ ရဲ့ ရှေ့ ဆက်ဖြစ်လာနိုင်မယ့် အခြေအနေတွေကို လည်း အနီးစပ်ဆုံး ခန့် မှန်းနိုင်သလို နောက်ထပ် စီမံကိန်း အသစ်တွေ ၊ လုပ်သင့် မလုပ်သင့် ၊ ငွေအား လူအား မျှတမှူ ဆုံးဖြတ်နိုင်ဖို့ လည်း အထောက်အကူဖြစ်စေပါတယ်။
• ပရောဂျက်တွင် ပါဝင်သူများ အကြား အုပ်စုတွင်း ဆက်ဆံရေးကောင်းမွန်စေခြင်း
ပရောဂျက် တွေမှာကြုံတွေ့ ရတယ့် နောက်ထပ် အခက်အခဲတစ်ခုကတော့ ပြောဆိုဆက်ဆံရေးပါပဲ။ လုပ်ငန်းကိစ္စတွေမှာ ပါဝင်ပတ်သက် တဲ့  သူတွေကြားမှာ နားလည်မှူလွဲတဲ့ ပြဿနာတွေကို မလွဲမသွေ ကြုံကြရမှာပါ။ ပရောဂျက် စီမံခန့် ခွဲမှူ မှာ အဲဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့  ၊ တက်တက်ကြွကြွကြို တင်ပြင်ဆင်ခြင်း နှင့်  ရာထူး တာဝန် အလိုက် ၊ လိုအပ်သလိုသတင်းအချက်အလက် မျှဝေခြင်း၊ တိုးတက်မှူအခြေအနေ သတင်းပို့  ခြင်းတို့ ဖြင့်  ပြဿနာတွေ နည်းပါးအောင် ၊ စနစ်တကျ ဆောင်ရွက်နိုင်ပါတယ်။ ပရောဂျက် အုပ်စုတွင်း ဆက်ဆံရေးမပြေလည်မှူ အများစုဟာ ပြဿနာတစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ဘဲ၊ အံ့ အားသင့်စရာ သတင်းဆိုးတွေကြောင့် သာအဖြစ်များလေ့ရှိပါတယ်။ ပရောဂျက် စီမံခန့် ခွဲမှူ နည်းလမ်းတွေမှာ ပရောဂျက် သတင်းတွေ၊ အလုပ်ပြီးစီးမှူအခြေအနေတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ရုံးတွင်းဆက်ဆံရေးပုံစံအတိုင်း သို့ မဟုတ် ရင်းနှီးပွင့်လင်းစွာတဲ့ ပုံစံနဲ့ ပါ မျှဝေပေးဖို့ ကိုလည်း ၊ တိုက်တွန်းသင်ကြားပေးပါတယ်။ ဒါမှလည်း အချင်းချင်း ရင်းရင်းနှီးနှီး အတူတကွ ပရောဂျက်တွေ အောင်မြင်ပြီးစီး အောင် လုပ်ကိုင်နိုင်မှာပါ။
• အရည်အသွေးပြည့် မှီသော လုပ်ငန်းခွင်ရလာဒ် ကိုရရှိနိုင်စေခြင်း
ပရောဂျက် စီမံခန့် ခွဲမှူ နည်းလမ်းများတွင် ပရောဂျက်၏ အရည်အသွေးဆိုင်ရာ များကို စနစ်တကျ ဆောင်ရွက်နိုင်စေရန်လုပ်ထုံး လုပ်နည်းများလည်းပါဝင်သည်။ ထိုနည်းလမ်းများကို လိုက်နာ အသုံးချခြင်းဖြင့် Customer များလိုအပ်တဲ့ အရည်အသွေးပြည့် မှီသော ရလာဒ်ကောင်းများကို ဖန်တီးပေးနိုင်ပါလိမ့် မယ်။
• ပိုပြီးကောင်မွန်သော ငွေကြေးဆိုင်ရာ စွမ်းဆောင်မှူ
တိကျကောင်းမွန်တဲ့  ပရောဂျက် စီမံခန့် ခွဲမှူ ကိုအသုံးချခြင်းသည် ပိုပြီးကောင်းမွန်သော ခန့် မှန်းခြင်း (better estimating)၊ ခိုင်မာတိကျသော ဘတ်ဂျက် သတ်မှတ်နိုင်ခြင်း ၊ နှင့် လုပ်ငန်းခွင်ကုန်ကျစရိတ်ကိုလည်း တိတိကျကျယှဉ်တွဲကာ သိရှိနိုင်စေသည်။ အကျိုးဆက်အားဖြင့် ငွေကြေးဆိုင်ရာ စွမ်းဆောင်နိုင်မှူ (Financial Performance) ကိုလည်း မြှင့်တင်ပေးနိုင်ပါလိမ့် မယ်။
• ပရောဂျက် ကျဆုံးမှူ အန္တရာယ် နှင့် မရေမရာသော ဖြစ်နိုင်ချေ ပြဿနာများ ကိုကြိုတင်ကာကွယ်နိုင်ခြင်း
အလားတူစွာပဲ ပရောဂျက်ကို ကျရှူံးစေ မယ့့်ဖြစ်နိုင်ချေ ရှိတဲ့  အခက်အခဲ များကို လည်း စနစ်ကျသော ပရောဂျက်စီမံခန့် ခွဲမှူ နည်းလမ်းများ အသုံးချခြင်းဖြင့် တတ်နိုင်သမျှ လျော့ နည်းအောင်၊ လုံးဝပပျောက်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။ စီမံခန့်  ခွဲမှူ နည်းလမ်းကောင်းများဖြင့် ကြိုတင်တွေးတောခြင်း ၊ စနစ်တကျအဖြေရှာခြင်း၊ ဖြစ်လာပါက မည်သို့ တုံ့ ပြန်မည် စသည့် နည်းလမ်းများ ကို ပြဿနာများ မဖြစ်ခင် အစောတလျင်ကပင် ပြင်ဆင်နိုင်ကြပါမယ်။
• ပိုပြီးကောင်မွန်သော လုပ်ငန်းပတ်ဝန်းကျင်
အကယ်၍ ကုမ္ပဏီရဲ့ ပရောဂျက်တွေဟာ ပိုပြီးအောင်မြင်လာတယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့  ထင်သာ မြင်သာရှိမဲ့  အကျိုးကျေးဇူးတွေကို စတင်ခံစားလာရပါမယ်။ Customer တွေဟာလည်းပိုပြီး ပူးပေါင်းကူညီလာမယ့်  အပြင် ပရောဂျက်အသင်းသားတွေဟာလည်း အလုပ်တာဝန်ယူမှူပိုကောင်းလာနိုင်ပြီး၊ စိတ်ဓာတ်လည်းပိုပြီးတက်ကြွလာပါမယ်။
ဒါ့ အပြင် တစ်သင်းလုံးလည်း ယုံကြည်မှူ တိုးတက်လာကာ ကျွမ်းကျင်ပညာရှင်များပမာ ခံယူချက်မြင့် မားလာကြလိမ့် မည်။ ထိုမျှမကသေး မိမိတို့ အလုပ်တွင်လည်း ဂုဏ်ယူကာ ပိုမို ပျော်ရွှင်လာကြပေမည်။
အချုပ်အားဖြင့် ဆိုရသော် ပရောဂျက်စီမံခန့် ခွဲမှူ နည်းစနစ်များ၊ နှင့် လုပ်ထုံးလုပ်နည်းများ၊ သည် ပရော ဂျက်များကို မျှော်လင့်  ထားသလို အောင်မြင်စွာပြီးစီးစေရုံသာမက၊ စနစ်တကျ လိုက်နာအသုံးချမည်ဆိုပါက မည်သည့် အဖွဲ့ အစည်း၊ ကုမ္ပဏီများကို မဆို ပို၍အောင်မြင်တိုးတက်စေသည်မှာ အမှန်မုချပင်ဖြစ် ပေတော့မည်။
Wednesday, 1 June 2016
ကိုယ်ရည်ကိုယ်သွေး မြင့် မားသော ပရောဂျက်မန်နေဂျာတို့ ၏စရိုက်သဘာဝများ
ပရောဂျက်များအား စီမံခန့် ခွဲရန် သင့် တော်ကောင်းမွန်သော ပရောဂျက် မန်နေဂျာများကို ရရှိရန် ခက်ခဲ လှပေသည်။ ကျွမ်းကျင်ပါးနပ်၍ တာဝန်သိစိတ်ပြည့် သော၊ အလုပ်အပေါ်လေးစား၍ စိတ်ဓာတ်ပြင်းပြခိုင်မာသော ပရောဂျက် မန်နေဂျာများကို ရရှိရန်မှာမူ ပိုပြီး ခက်ခဲလှပါသည်။ အောက်တွင် ဆွေးနွေးထားသည့် အချက်များသည် စိတ်ကူးအကြံများ အတိုင်း အကောင်အထည်ဖော်နိုင်သော ပရောဂျက် မန်နေဂျာတို့ ၏ အရည်အသွေး စရိုက်သဘာဝတွေပဲဖြစ်ပါတယ်။
• ကိုယ်ပိုင်အရည်အသွေးကြောင့် ခေါင်းဆောင်ဖြစ်ခြင်း
တနည်းအားဖြင့် ဆိုလျှင် သူတို့ သည် အဖွဲ့ အစည်းကပေးအပ်ထားသော လုပ်ပိုင်ခွင့် ရာထူး ၊ အနေအထား တစ်ခုတည်းဖြင့်  ပရောဂျက်အသင်းကိုမောင်းနှင်သူများ မဟုတ်ကြပေ။ ကိုယ်တိုင်လည်းလုပ်ငန်းသဘောကို တတ်သိနားလည်ကြသည်။ သူတို့ တွေသည် အကောင်းမြင်အတွေးအခေါ်ရှိလေ့ ရှိကြပြီး လုပ်ဖော်ကိုင်ဖက်တွေ ပရောဂျက်အသင်းသား များအား ကြိုးစားခွင့် အပြည့် အဝ ပေးလေ့ရှိကြပါတယ်။ ဒါကြောင့် လည်း သူတို့ ကို အဖွဲ့  အစည်းများက ယုံကြည်စွာ တန်ဖိုးထားကြပါတယ်။
• ပရောဂျက်ဆိုင်ရာ အချက်အလက်များကို မှန်ကန်စွာ ခွဲခြားစိတ်ဖြာနိုင်ခြင်း
များသောအားဖြင့် ပရောဂျက်တွေဟာ မြောက်များစွာသော သတင်းအချက်အလက်တွေ နဲ့ ပြည့်  နေတတ်ပါတယ်။ အချက်အလက်တွေမှာ လိုအပ်တာပါသလို အရေးမပါတဲ့ အချက်အလက်တွေလည်း ရောနေတတ်ပါတယ်။ အချိန်အကန့် အသတ်နဲ့ မြန်မြန် ပြီးအောင် လုပ်ရတဲ့ ပရောဂျက်တွေမှာ လိုအပ်တဲ့ အချက်အလက်ကိုသာ ယူပြီး မှန်မှန်ကန်ကန် အသုံးချဖို့ လိုအပ်ပါတယ်။ ၄င်းပရောဂျက် မန်နေဂျာ တွေဟာ အချက်အလက်တွေကို ကိုယ်တိုင် ခွဲခြား စိတ်ဖြာနိုင်စွမ်း ရှိသလို အသင်းသားတွေကိုလည်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျစွာ အကြံပေးဦးဆောင်နိုင်ပါတယ်။
• လုပ်ရမယ့် အလုပ်များကို တိကျစွာ သတ်မှတ် ၊ စောင့်ကြည့် ၊ ပြန်လည်သုံးသပ်နိုင်ခြင်း
သူတို့ ဟာ တိကျစွာအာရုံစူးစိုက်နိုင်ပြီး လုပ်ရမဲ့ အလုပ်တွေရဲ့  အလျင်လိုမှူပေါ်မူတည်ပြီး ဘယ်အလုပ်ကအရင်ပြီးရမယ်၊ ဘယ်အလုပ်ကတော့ ပုံမှန်လုပ်နေကျအတိုင်းပြီးရမယ် အစရှိသည်ဖြင့် အချိန်မှီ ပြီးမြောက်အောင်ခွဲခြား စွမ်းဆောင်နိုင်ပါတယ်။ ထိုသို့ တက်တက်ကြွကြွလုပ်ခြင်းဖြင့် မလိုလားအပ်တဲ့  အချိန်ပေးရတဲ့အစည်းအဝေးတက်ခြင်း၊ အီးမေးလ် များရေးခြင်း များကိုလျော့ ချနိုင်ပါတယ်။
• လိုအပ်တဲ့ မေးခွန်းများမေးတတ်ခြင်း နှင့် ပရောဂျက်နဲ့ သက်ဆိုင်သော အရေးပါသူများ၏ လိုအပ်ချက်ကို သိရှိအောင်စွမ်းဆောင်နိုင်ခြင်း
ပါးနပ်သော ပရောဂျက် မန်နေဂျာတို့ သည် သတ်မှတ်ထားသော အလုပ်များကိုသာ အောင်မြင်အောင်လုပ်သည်မဟုတ်၊ ပရောဂျက်အတွက်လိုအပ်သော သတင်းအချက်အလက်များကို စုဆောင်းနိုင်ရန် လိုအပ်သောမေးခွန်းများကိုလည်း မေးတတ်ကြပါသည်။ ထို့ အပြင် သက်ဆိုင်သော ပါဝင်ပတ်သက်သူများ၏ အတွေးအကြံနှင့်  လိုအပ်ချက်တို့ ကိုလည်း အလေးထားလေ့ရှိသည်။ တင်ပြသော လုပ်ငန်းတိုးတက်မှူ အခြေအနေ စာရင်းဇယားများ နှင့် အချက်အလက်များကို မည်သည့်  အချိန် မည်သူက မည်သို့  လိုအပ်သည်ကို လည်း သိရှိအောင်စွမ်းဆောင်နိုင်ကြသည်။
• သတင်းအချက်အလက်များကို ခြိမ်းခြောက်ခြင်းလက်နက်အဖြစ် အသုံးမပြုခြင်း
ကျွမ်းကျင်၍ပညာရှင်ဆန်သော ပရောဂျက်မန်နေဂျာ တို့ သည် ပရောဂျက်တွင် ပါဝင်ပတ်သက်သူများ နှင့် ဆက်ဆံရာတွင်လည်း မှန်ကန်သော သတင်းအချက်အလက်များ အားလုံးကို တိတိကျကျရှင်းရှင်းလင်းလင်း ယုံကြည်စွာ ပေးရဲကြသည်။ တာဝန် ကို မှန်ကန်စွာလုပ်ကိုင် သည့်  အတွက် မဟုတ်သော သတင်းအချက်အလက်ကိုသုံးပြီး မိမိအား ခြိမ်းခြောက်မည်ကိုလည်း မထိတ်လန့်  ကြပေ။
• နယ်ပယ်အသီးသီးတွင် နှ့ံစပ်မှူရှိခြင်း
ထိုသူတို့ သည် ယေဘူယျ ပရောဂျက်စီမံခန့် ခွဲမှူနယ်ပယ် တစ်ခုတည်း တွင်သာ ကျွမ်းကျင်သည်မဟုတ်၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ် တို့ တွင်လည်း တစ်ခုထက်မက နှံ့ နှံ့ စပ်စပ် ရှိကြသည်။ ထို့ ကြောင့်လည်း လုပ်ငန်းဆိုင်ရာလုပ်ပိုင်ခွင့် ပိုမိုရရှိကြပြီး၊ ခိုင်မာတိကျသော အတွေးအမြင်များဖြင့် လုပ်ငန်းများကို အောင်မြင်စွာ ဦးဆောင်နိုင်ကြသည်။ ထို့ အပြင် မိမိဦးဆောင်နေသော ပရောဂျက်အတွက် လိုအပ်ပါက အတိုက်အခံလုပ်ရမည်ကိုလည်း မစိုးရိမ်တတ်ပေ၊ နောက်ဆုတ်နေပြီး လက်ရှောင်သွားမည့် လူစားမျိုးများလည်းမဟုတ်ပေ။
• အလုပ်ပြင်ပ အဆက်အသွယ်သုံးပြီး လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်း
ဒါ့အပြင် သူတို့ ဟာ အရေးကြီးပြီး ပရောဂျက်ကိုခြိမ်းခြောက်နိုင်တဲ့ ပြဿနာများကိုလည်း လုပ်ငန်းခွင်တွင်းသာမဟုတ်ဘဲ လက်လှမ်းမှီသမျှ ပြင်ပအသိမိတ်ဆွေ ကျွမ်းကျင်သူတွေရဲ့  အကြံဥာဏ်များ အဆက်အသွယ်များကိုပါ အသုံးပြုပြီး ကြိုတင် ဖြေရှင်းလေ့ရှိကြသည်။
• အမြဲတမ်းအလုပ်ခွင်သွားရန် တက်ကြွနေခြင်း
ထိုပရောဂျက်မန်နေဂျာတို့ အဖို့  ပရောဂျက်စီမံခန့် ခွဲမှူသည် စိန်ခေါ်မှူများပြည့် နှက်နေသည့် အခွင့်  အလမ်းကောင်း များအဖြစ် ထင်မြင်ကြသည်။ သူတို့ အတွက် စီမံခန့် ခွဲမှူပညာသည် တာဝန်အရလုပ်နေသော အလုပ်တစ်ခုအဖြစ်သာ မမြင်ဘဲ ဘဝတစ်လျှောက်လုံးအတွက် အရေးပါသော နှစ်သက်သော အစဉ်တစိုက်ဆည်းပူးလေ့လာနေသင့် သော အသက်မွေးဝမ်းကြောင်း တစ်ခုအဖြစ် တွေးမြင်ကြသည်။
အချုပ်အားဖြင့် ဆိုလျှင် ကျွမ်းကျင်ပိုင်နိုင်သော ပရောဂျက်မန်နေဂျာများသည် စနစ်တကျ အစီအစဉ်ချခြင်း၊ ဦးဆောင်ကာ ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြင့်  လုပ်ဖော်ကိုင်ဖက်များကို သက်တောင့် သက်သာဖြင့် အလုပ်လုပ်ကာ လုပ်ငန်းခွင်တွင် တဖက်တလမ်းမှ တိုးတက်စေသူများဆိုလျှင်လည်း မှားမည်မထင်ပေ။
Subscribe to:
Comments (Atom)