Sunday, 19 June 2016

ပရောဂျက်ဘတ်ဂျက်တွက်ချက်ခြင်း (အပိုင်း-၃)


ပရောဂျက် ကုန်ကျစရိတ်ကို တွက်ချက်ရာမှာ နောက်ထပ် ထည့် သွင်းစဉ်းစားလေ့ ရှိ တဲ့ အကြောင်းအရာတစ်ခုကို ဖော်ပြချင်ပါတယ်။ Reserve Analysis လို့ ခေါ်ကြပါတယ်။ ဆိုလိုရင်းမှာ ခန့် မှန်းထားသော ဘတ်ဂျက်ကုန်ကျစရိတ်ထဲတွင် ငွေကြေး အပို ပမာဏ မည်မျှထည့် ကာ စဉ်းသားထားသည်ကို စမ်းစစ်ခြင်း ဖြစ်ပါသည်။
(လက်တွေ့ တွင် ငွေကြေး တစ်မျိုးထဲသာ မဟုတ်ဘဲ အချိန်၊ လူအင်အားစသည်ဖြင့် လည်း အပိုနဲနဲ ထည့်  ကာ နောင်ဖြစ်လာနိုင်သည့် အနာဂါတ်ပြဿနာများအတွက် ထည့် သွင်းစဉ်းစားလေ့ ရှိပါသည်။ )

ဒီလိုစမ်းစစ်လေ့ လာတဲ့ အခါမှာ သီးသန့် ဖယ်ထားသောပမာဏ(Reserves ) ကို ပရောဂျက်၏ မသေချာသော ကုန်ကျစရိတ်တွေ အတွက် အပိုဆောင်း ထည့် ထားသော (Contingency Reserve) နှင့်  အနာဂါတ်မှာ မျှော်လင့်  မထားဘဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ အတွက် သီးသန့်  ဖယ်ထားသော ပမာဏ (Management Reserve) ဆိုပြီး ၂ မျိုး ခွဲခြား ထားပါတယ်။

Contingency Reserve
ဒီအမျိုးအစားအောက်မှာဖယ်ထားတဲ့ ငွေကြေးပမာဏကတော့ ပရောဂျက်တစ်ခုမှာ သိထားပြီးသား ဖြစ်နိုင်ချေရှိတဲ့  ပြဿနာ (Identified Risks) တွေ အတွက် ဖယ်ထားလေ့ ရှိတာပါ။ ဒီပြဿနာတွေကို သိလဲသိပြီးပြီ၊ ကြိုတင်ကာကွယ်မှူတွေလုပ်ဖို့ လည်း ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဒီလို အရေးပေါ်သုံးဖို့ ပမာဏကို ကြိုတင်ပြီး ဘတ်ဂျက်ထဲမှာ ထည့် ထားရပါတယ်။

ပရောဂျက်စီမံခန့် ခွဲမှူ သီအိုရီ သဘောတရားအရတော့  “သိခြင်း - မသိခြင်း” (Known-Unknown) တွေအတွက် ပြင်ဆင်ထားခြင်းလို့ ခေါ်ပါတယ်။ “သိခြင်း” ဆိုသည်မှာ ပရောဂျက်တစ်ခုအတွက် ဖြစ်လာနိုင်သည့့် ပြန်လုပ်ရမည့် လုပ်ငန်းစဉ်အချို့ (Reworks) ရှိသည်ကို သိခြင်းဖြစ်ပြီး၊ “မသိခြင်း” ဆိုသည်မှာ ထိုသို့  ပြန်လည် လုပ်ပေးရမည့် လုပ်ငန်းစဉ်များ၏ ပမာဏ (Amount of reworks) ကို မသိခြင်းဖြစ်သည်။

Contingency Reserves များကို ဆက်ဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုတည်း (A specific activity) အတွက်သာမကဘဲ ပရောဂျက်တစ်ခုလုံး အတွက်ပါ စဉ်းစားပြင်ဆင်ထားနိုင်ပါသည်။ အချို့ ကုမ္ပဏီများသည် ပရောဂျက် ဘတ်ဂျက်တွင် Contingency Reserves များကို ပရောဂျက်ကုန်ကျစရိတ်တစ်ခုလုံး၏ ရာခိုင်နှူန်းတစ်ခုအနေဖြင့်  လည်း သတ်မှတ်လေ့ ရှိပါသည်။ အများအားဖြင့် တော့  ၃% မှ ၅% အထိ သတ်မှတ်လေ့ ရှိသည်။

အကယ်၍ ပရောဂျက် ကို လုပ်ဆောင်နေရင်း ပိုပြီးတိကျတဲ့  အချက်အလက်တွေရလာပါက အဲဒီလို အရေးပေါ်သုံးဖို့  သတ်မှတ်ထားတဲ့  ပမာဏကို လျော့ ပြစ်လိုက် သို့ မဟုတ် လုံးလုံးဖြုတ်ပြစ်လိုက်လို့ ရပါတယ်။ ဂရုပြုသင့် တာ ကတော့ ပရောဂျက်တစ်ခုအတွက် Contingency ဒီလောက်ပမာဏ လိုအပ်တယ်ဆိုတာကို ပရောဂျက် ကုန်ကျစရိတ်တွက်ချက်မှူ မှတ်တမ်း (Cost Documentation) မှာ အတိအလင်း မှတ်တမ်းတင်ပြီး ခွင့် ပြုချက်ရယူ ထားဖို့ တော့  လိုပါတယ်။

Management Reserves
ကုန်ကျစရိတ်တွေ တွက်ချက်တဲ့ အခါမှာ ဒီ Management Reserve ကို ထည့် သွင်းစဉ်းစားဖို့ လဲ အရေးကြီးပါတယ်။ ဒီပမာဏ ကတော့  အခု လက်ရှိအထိ မသိသေးတဲ့  ပရောဂျက်ရဲ့  အနာဂါတ်ပြဿနာတွေအတွက် ကြိုတင်ပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အများအားဖြင့် တော့ ဒီပမာဏကို ကုမ္ပဏီအထက်ပိုင်း လူကြီးတွေက၊ ကန့်  သတ်ထားလေ့ရှိပါတယ်။
အထက်မှာပြောခဲ့ သလိုပဲ သီအိုရီသဘောတရားအနေနဲ့ တော့  Management Reserve ကို “မသိခြင်း - မသိခြင်း” (Unknown-Unknown) လို့ ခေါ်ပါတယ်။ ပြန်လုပ်ပေးရမည့် အလုပ် (Reworks) ရှိမရှိ မသိသလို အဲ့ ဒီ အလုပ်ပမာဏ (Amount of Reworks) ကိုလည်း မသိနိုင်သေးပေ။

ပရောဂျက်မန်နေဂျာများအနေဖြင့် ထို ပမာဏ သည် ပရောဂျက် ဘတ်ဂျက်တွင် ထည့် သွင်းထားသော်လည်း တကယ်တမ်း ထိုပမာဏကို အသုံးပြုမည်ဆိုပါက အထက်အုပ်ချုပ်ရေးပိုင်းလူကြီး (Senior Management) ၏ ခွင့် ပြုချက်ကို ထပ်မံရယူရမည်ဖြစ်ပါသည်။
အောက်မှာတော့  ပရောဂျက်စီမံခန့် ခွဲမှူ ဗဟုသုတဆိုင်ရာ အဖွဲ့ အစည်း PMBOK (Project Management Body of Knowledge) ၏ ၅ ကြိမ်မြောက်ထုတ်ဝေတဲ့ မှီငြမ်းစာအုပ်မှာပါတဲ့  “ပရောဂျက်ဘတ်ဂျက် နှင့်  သက်ဆိုင်ရာ အစိတ်အပိုင်းများ” ပြထားတဲ့ ပုံကို ဗဟုသုတ အနေဖြင့်  ဖော်ပြပေးလိုက်ပါတယ်။

Thursday, 16 June 2016

ပရောဂျက်ဘတ်ဂျက်တွက်ချက်ခြင်း (အပိုင်း-၂)


အပိုင်း-၁ မှာဖော်ပြခဲ့ တဲ့  top-down နဲ့ bottom-up စဉ်းစားနည်းတွေအပြင် အခြားသုံးလေ့ရှိတဲ့  ဘတ်ဂျက်တွက်ချက် နည်းတွေ ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

၁။ ကျွမ်းကျင်သူများဖြင့် ခန့် မှန်းသုံးသပ်ခြင်း (Expert Judgement)
၂။ ကုန်ပစ္စည်းရောင်းသူ သို့ မဟုတ် ဝန်ဆောင်မှူပေးသူများ ၏ ဈေးပြိုင်ပေးမှူ ကို ပိုင်းခြားလေ့လာခြင်း (Suppliers’ Bid Analysis)
၃။ ဆင်တူကိုးကား၍ ခန့် မှန်းခြင်း (Analogous Estimating)
၎။ ဖြစ်နိုင်ချေ ၃ ခု နှင့် ခန့် မှန်းနည်း (Three-Point Estimating)
၅။ အချက်အလက်ဆက်နွယ်မှူဖြင့် ခန့် မှန်းခြင်း (Parametric Estimating)

၁။ ကျွမ်းကျင်သူများဖြင့် ခန့် မှန်းသုံးသပ်ခြင်း (Expert Judgement)
ဒီနည်းလမ်းကတော့ ဘတ်ဂျက်ကိုတွက်ချက်ရာမှာ၊ လုပ်ငန်းနဲ့ ပတ်သက်ပြီး အတွေ့ အကြုံရှိပြီး ကျွမ်းကျင်တဲ့ သူတွေကို ပရောဂျက် ကုန်ကျစရိတ်ကို ခန့် မှန်းသုံးသပ် ခိုင်းတာဖြစ်ပါတယ်။
ဒီလိုအသုံးပြုခြင်းရဲ့ အားသာချက်ကတော့  ကျွမ်းကျင်သူများသည် အတွေ့ အကြုံရှိသူများဖြစ်သဖြင့်  ပရောဂျက်နှင့်  ပတ်သက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ (Activities/tasks) အပြင်၊ အရင်က တွေ့  ကြုံခဲ့ ဖူးသော အခက်အခဲများကို ထည့် သွင်းစဉ်းစားနိုင်ခြင်းပင်ဖြစ်ပါသည်။ ဤကဲ့ သို့  ဖြစ်နိုင်ချေရှိသော ပြဿနာများအား ကြိုတင်စဉ်းစားနိုင်ခြင်းသည် ပရောဂျက်တစ်ခုလုံး အတွက် အလွန် အကျိုးကျေးဇူး များလှပေသည်။

၂။ ကုန်ပစ္စည်းရောင်းသူ သို့ မဟုတ် ဝန်ဆောင်မှူပေးသူများ ၏ ဈေးပြိုင်ပေးမှူကို ပိုင်းခြားလေ့လာခြင်း (Suppliers’ Bid Analysis)
ဤကဲ့ သို့ ဈေးပြိုင်စနစ်ကို အသုံးပြုခြင်းဖြင့်  မိမိ ပရောဂျက်အတွက် လျာထားသတ်မှတ် ထားသော ဘတ်ဂျက်ဈေးနှူန်းရောက်သည်အထိ ထိုသူတို့ ၏ရောင်းဈေးကို ညှိယူနိုင်ပါလိမ့် မည်။

၃။ ဆင်တူကိုးကား၍ ခန့် မှန်းခြင်း (Analogous Estimating)
ဒီနည်းလမ်းကတော့  ပရောဂျက်ဘတ်ဂျက်ကို အရင်က ဆင်တူလုပ်ဖူးထားသော ပရောဂျက်များ မှ မှီငြမ်း တွက်ချက်ခြင်းဖြစ်ပါသည်။ များသောအားဖြင့် မိမိလုပ်ဆောင်တော့ မည့် ပရောဂျက်နှင့်  ပတ်သက်၍ သတင်းအချက်အလက် အနည်းအကျဉ်းသာရှိပါက သုံးလေ့ရှိသည်။ ဥပမာအားဖြင့်  ပြီးခဲ့ သည့်  လအနည်းငယ်က ဝက်ဘ်ဆိုက် တစ်ခု ထောင်ရန် ဒေါ်လာ ၇၀၀၀ ကုန်ကျခဲ့  သည်ဆိုပါစို့ ။ အခု အလားတူ ဝက်ဘ်ဆိုက် တစ်ခုကို ထပ်ပြီးထောင်ရမည်ဆိုပါက ကုန်ကျစရိတ်ကို ၇၀၀၀ ဟုသာ ခန့်  မှန်းလိုက်ခြင်းဖြစ်ပါသည်။

၎။ ဖြစ်နိုင်ချေ ၃ ခု နှင့် ခန့် မှန်းနည်း (Three-Point Estimating)
ဒီနည်းကတော့ တော်တော်အသုံများပါတယ်။ ဖြစ်နိုင်ချေ ၃ ခု ကို အရင်စဉ်းစားပါတယ်။ အဖြစ်နိုင်ဆုံးအဖြေအနေ (O = Optimistic) ၊ အလယ်အလတ်အခြေအနေ (M = Most Likely) နဲ့  ဖြစ်နိုင်ချေအနည်းဆုံး (P = Pessimistic) အခြေအနေတို့ ပဲဖြစ်ပါတယ်။ အဲ့ ဒီနောက် သက်ဆိုင်ရာတန်ဖိုး ၃ ခုကိုပေါင်းပြီး ပျမ်းမျှ တန်ဖိုး ရစေရန် ၃ ဖြင့် စားခြင်းဖြစ်ပါသည်။

 ပုံသေနည်း [Expected value = (P+M+O)/3]

အလားတူသုံးနိုင်တဲ့ နောက်ထပ်တစ်နည်းကတော့ PERT (Program Evaluation and Review Technique) လို့ ခေါ်ပါတယ်။ သူကတော့ သာမန်ပျမ်းမျှတင်မဟုတ်ဘဲ Beta Distribution လို့ ခေါ်တဲ့  သင်္ချာပုံသေနည်း ကို သုံးပါတယ်။ [Expected value = (P+4M+O)/6]
၂ ခုစလုံးကြိုက်ရာကို အသုံးပြုနိုင်ပါတယ်။

၅။ အချက်အလက်ဆက်နွယ်မှူဖြင့် ခန့် မှန်းခြင်း (Parametric Estimating)
ဒီနည်းကတော့ ပရောဂျက် တစ်ခုမှာပါဝင်တဲ့  အချက်အလက်ဆိုင်ရာ ဆက်နွယ်မှူကိန်းဂဏန်း (Variables) တွေကို အခြေခံပြီး ခန့်  မှန်းခြင်းဖြစ်ပါတယ်။ သူကလဲ အရင်တုန်းက လုပ်ခဲ့ တဲ့ သက်ဆိုင်ရာ အချက်အလက်တွေကိုတော့ (Historical Records) ပြန်လည်မှီငြမ်းပါတယ်။

ဤနည်းလမ်းဖြင့် ခန့်  မှန်းခြင်းမှာတော့ အဆတိုးကာ စဉ်းစားလို့ ရသော (Scalable) တွက်ချက်မှူမျိုးတွေမှာ သုံးလေ့ ရှိပါတယ်။ ဥမမာအနေဖြင့် လူတစ်ဦးသည် မြက်တစ်ဧက ရိတ်ရန် ၂ နာရီကြာ သည်ဆိုပါစို့ ။ ၄ ဧကရိတ်မည် ဆိုပါက ၈နာရီ ကြာပေလိမ့် မည်။
အခုထိဆိုရင်ဖြင့် ဘတ်ဂျက် တွက်ချက်နည်းများတော်တော် စုံစုံလင်လင်ရှိပါပြီ။ စာဖတ်သူများအနေဖြင့် လည်း ရှင်းပြခဲ့ တဲ့  ခန့် မှန်းတွက်ချက် နည်းတွေထဲက မိမိပရောဂျက် အခြေအနေဖြင့် သင့် တော်ရာကို အသုံးပြုနိုင်ကြပါသည်။
ဘတ်ဂျက်နှင့် ပတ်သက်၍ ဆက်ပါဦးမည်။

ပရောဂျက်ဘတ်ဂျက်တွက်ချက်ခြင်း (အပိုင်း-၁)


ပရောဂျက်တစ်ခု စတင်သည့့်အခါတွင် ဒီပရောဂျက်တစ်ခုလုံးသည် ဘယ်လောက်ကုန်ကျမလဲဆိုတာ အတိအကျ တွက်ချက်ဖို့ အလွန် ခက်ခဲပါတယ်။ ပရောဂျက်မန်နေဂျာများသည် ထိုသို့ တွက်ချက်ဖို့  အမြဲ တာဝန်ယူ ရလေ့ ရှိပါတယ်။ သေသေချာချာ မသိသေးတဲ့ အချက်အလက်တွေ အများကြီး ရှိသည့့်အတွက် ကုန်ကျစရိတ်အား ခန့် မှန်းရသည်မှာ အလွန် ခက်ခဲလှပါသည်။

တိကျမှန်ကန်သော ကုန်ကျစရိတ် တစ်ခုတွက်ချက်နိုင်ခြင်းသည် ပရောဂျက် မန်နေဂျာ တစ်ယောက် အတွက်အလွန် အရေးပါသော အရည်အချင်းတစ်ခုပင်ဖြစ်ပါသည်။ 

အခြေခံ အားဖြင့် နည်းလမ်း ၂ ခုရှိပါတယ်။ တိုက်ရိုက်ဘာသာပြန်လိုက်ပါက 

၁။ အပေါ်မှ အောက်သို့ ချဉ်းကပ်နည်း (Top Down Approach) :
ဒီနည်းလမ်းကတော့  ပရောဂျက်တစ်ခုလုံး ဘယ်လောက်ကုန်ကျမည်ကို သိဖို့ နဲ့  လုပ်ငန်းစဉ် အပိုင်းလိုက် ကုန်ကျစရိတ်ကို တွက်ချက်တဲ့ နေရာမှာ သုံးကြပါတယ်။

၂။ အောက်မှ အပေါ်သို့ ချဉ်းကပ်နည်း (Bottom Up Approach) :
ဒီနည်းကတော့ လုပ်ငန်းအစိတ်အပိုင်း အသေးစိတ် တစ်ခုချင်းစီ ရဲ့ ကုန်ကျစရိတ်ကနေ စတင်တွက်ချက်ပြီး ပရောဂျက်တစ်ခုလုံး အတွက် ပြန်ပြီး ခြုံငုံသုံးသပ်ခြင်း ဖြစ်ပါတယ်။

နည်းလမ်း ၂ခု စလုံးကတော့ သူ့ အားနည်းချက်၊ အားသာချက်တွေ ကိုယ်စီရှိပါတယ်။ အောက်မှာ နည်းလမ်းတစ်ခုချင်းစီကို အသေးစိတ် လေ့ လာကြည့် ကြရအောင်။

Top Down Approach
ဒီနည်းလမ်းကတော့ များသောအားဖြင့် ကုမ္ပဏီရဲ့ အထက်ပိုင်း လူကြီးတွေသုံးလေ့ ရှိတဲ့ နည်းပါ။ သူတို့ က ပရောဂျက်တစ်ခု ဘယ်လောက်ကုန်ကျသင့် တယ်ဆိုပြီး ဆုံးဖြတ်ချက် အရင်ချပါတယ်။ ပြီးတော့ မှ လုပ်ငန်း အစိတ်အပိုင်းအလိုက် မည်ရွေ့ မည်မျှ ကုန်ကျလိမ့် မည်ကိုပြန်လည်ခွဲခြားပါတယ်။ 

ဥပမာအားဖြင့် အထက်လူကြီး ဒါရိုက်တာအဖွဲ့ ဝင်များက ပရောဂျက်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ဟာ ၁၀ သန်း ဟုခန့် မှန်း သတ်မှတ်ကြ သည် ဆိုပါစို့ ။ များသောအားဖြင့် တော့  အထက်လူကြီးတွေဟာ ကုမ္ပဏီကနှေ အရင့်အရင် လုပ်ဆောင်ခဲ့  ဖူးသည့်  ပရောဂျက် များ၏ ကုန်ကျစရိတ်တွေကို ပြန်ပြီး ကိုးကားလေ့ ရှိပါတယ်။ အဲ့  ဒါတွေအပေါ် မူတည်ပြီးမှ အရင်က ဒီပရောဂျက် အနေအထားဆိုရင် ၁၀ သန်းကုန်ကျခဲ့ တယ်။ ဒီတော့  အခုပရောဂျက်ဟာ လဲ ပျမ်းမျှ အဲ့  ဒီလောက်ပဲ ကုန်ကျလိမ့် မယ်ဟု ဘတ်ဂျက်ကိုသတ်မှတ်ပါလိမ့် မယ်။
အားသာချက် အနေဖြင့် တော့  ဘတ်ဂျက်ကို အရင် သတ်မှတ်ပေးလိုက်တဲ့ အတွက် ပရောဂျက်ဟာ သတ်မှတ်ပေး ထားတဲ့ ကုန်ကျစရိတ်အတွင်းမှာပဲ ၊ အလေအလွင့် နဲနဲ နှင့်  ပြီးမြောက်အောင်မြင် သွားနိုင်ပါတယ်။ 

အားနည်းချက်အနေဖြင့် ကတော့ ဒီဘတ်ဂျက်သတ်မှတ်ပေးလိုက်တဲ့ လူဟာ တကယ့် ကို လုပ်ငန်း အတွေ့  အကြုံရှိတဲ့ လူဖြစ်ရပါမယ်။ ဒါမှလဲ လက်တွေ့ ကျတဲ့ ကုန်ကျစရိတ်ကို အနီးစပ်ဆုံး သတ်မှတ်ပေးနိုင်မှာပါ။ အဲ့  ဒီလိုသာမဟုတ်ခဲ့ ရင်တော့ ပရောဂျက်ကို တကယ် လုပ်ကိုင်တဲ့ အခါမှာ လက်တွေ့ မကျတဲ့  ဘတ်ဂျက်ကြောင့် ရေရှည်မှာ ပြဿနာ အခက်အခဲတွေ အများကြီး ကြုံတွေ့ ပါလိမ့် မယ်။

Bottom Up Approach
ဒီနည်းလမ်းမှာတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ခုချင်းစီ (Activity/Task) ကို အရင်ဆုံး စပြီး စဉ်းစားရပါတယ်။ ဥပမာအားဖြင့်  ဒီဇိုင်းတွက်ချက် မှူလုပ်ဆောင်ရန် အဆင့်  ၁၀ ဆင့်  လိုအပ်သည်ဆိုပါစို့ ။ ထိုအဆင့် တစ်ခုကိုပြုလုပ်ရန် ၁ သိန်းကုန်ကျမည်ဆိုပါက အဆင့်  ၁၀ ဆင့် အတွက် ၁၀ သိန်းကုန်ကျပေလိမ့် မည်။ ထိုမှတဖန် ပစ္စည်းဝယ်ယူရန် မည်မျှကုန်မည် ၊ သယ်ယူပို့ ဆောင်ရန် မည်မျှကုန်မည်၊ အစရှိ သဖြင့် ပရောဂျက် တစ်ခုလုံးစာအတွက် ဆက်လက် တွက်ချက်သွားခြင်းဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်း၏ အားသာချက်မှာ ပရောဂျက်တွင် ပါဝင်ပတ်သက်သူ အသင်းသားများကပါ ဘတ်ဂျက်တွက်ချက်ရာတွင် ပါဝင်ဆွေးနွေးနိုင် ခွင့် ရကြသဖြင့် အသင်းဝင်များသည် တွက်ချက်ထားသည့်  ဘတ်ဂျက်အပေါ်ကို ပို၍ ယုံကြည်မှူမြင့်  မားစေသည်။ လုပ်ငန်းစဉ်စာရင်း (Activity List) အပေါ်အခြေခံ ထားသဖြင့်  လုပ်ရမည့် လုပ်ငန်းစဉ် စာရင်းပြည့် စုံပါက အနီးစပ်ဆုံး တိကျသောဘတ်ဂျက်ကို ရရှိနိုင်မည်ဖြစ်သည်။

အားနည်းချက်အနေဖြင့် တော့ ဤနည်းတွင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ စာရင်း (Activity List) ကို ပြုစုရန် အချိန်ပေးရခြင်း၊ လုပ်ငန်းစဉ်စာရင်းတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတချို့ ကျန်နေခဲ့ သဖြင့်  ရုတ်တရက်ပေါ်လာမှ ဘတ်ဂျက်ကို လိုသလို အသုံးပြုလိုက်ရခြင်း စသည့်  အခြေအနေများ တွေ့ ကြုံလာ နိုင်ပါသည်။

ရှေ့ ဆက်ပြီး ကုန်ကျစရိတ်အမျိုးအစားများကို ပြောပြသွားပါမယ်။ အခြေခံအားဖြင့် ကုန်ကျစရိတ်များကို
တိုက်ရိုက်ကုန်ကျစရိတ် (Direct Cost) : ဤကုန်ကျစရိတ်သည် သက်ဆိုင်ရာ ပရောဂျက်တစ်ခုတည်းအတွက်ဖြစ်ပြီး လုပ်ငန်းဆောင်တာ တစ်ခုချင်းစီအတွက် ကုန်ကျစရိတ်ဖြစ်သည်။ ဥပမာအားဖြင့် လူအင်အား (Labor)၊ ကုန်ပစ္စည်း (Raw Materials)၊ ဆော့ ဖ်ဝဲလ် လိုင်စင် (Software Licenses)၊ အတိုင်ပင်ခံကျွမ်းကျင်သူများအတွက် ကုန်ကျစရိတ် (Consultant Fees)၊ ခရီးသွားစရိတ် (Travel) အစရှိသည်တို့ ဖြစ်သည်။

တိုက်ရိုက်မဟုတ်သော ကုန်ကျစရိတ် (Indirect Cost) : ဒီကုန်ကျစရိတ်တွေကတော့ ပရောဂျက် တစ်ခုတည်း အတွက်ကုန်ကျတာမဟုတ်ပဲ၊ ကုမ္ပဏီတစ်ခု လုံးအနေဖြင့်  ကုန်ကျခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တော့ ကုန်ကျစရိတ်တွေရဲ့  တစိတ်တပိုင်းကိုသာ ပရောဂျက်ကနေ ပေးဆောင်ရပါတယ်။ ဥပမာ တယ်လီဖုန်းဘေများ (Telephone charges) ၊ ရုံးခန်းငှားရန်းခ (Office space (rent))၊ ကုမ္ပဏီအာမခံများ (Company insurance) နှင့် အထွေထွေ စီမံခန့် ခွဲမှူ (General administration) စသဖြင့် ဖြစ်ပါတယ်။

ဘတ်ဂျက်နဲ့ ပတ်သက်ပြီးဆက်လက် ဖော်ပြပါဦးမည်။

တပ်ခ်မန်၏ အသင်းဖွံ့ ဖြိုးမှူ အဆင့်  ၅ ခု (Tuckman's Five Stages of Team Development)


ဒီတစ်ခါတော့ ပရောဂျက်အသင်းတွေကို ထိမ်းကျောင်းကိုင်တွယ်တဲ့ နေရာမှာ အသုံးပြုလေ့ ရှိတဲ့  သီအိုရီတစ်ခုနဲ့  မိတ်ဆက်ပေးချင်ပါတယ်။ ဒီသီအိုရီကိုတော့ ဘရုစ်ဝိန်းတပ်ခ်မန် (Bruce Wayne Tuckman) ဆိုတဲ့  စိတ်ပညာရှင်တစ်ဦးက ၁၉၆၅ ခုနှစ်မှာ ရေးသား ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ တပ်ခ်မန်၏ အဆင့် များ (Tuckman's Stages) လို့  ခေါ်ကြပါတယ်။
  သူရဲ့ လေ့ လာမှူအဆိုအရ၊ ပရောဂျက်အသင်း သို့ မဟုတ် အသင်းအဖွဲ့ တစ်ခုသည် အတူတကွ ပူးပေါင်းပြီး အရည်အသွေးမြင့် သော ရလာဒ်များကို ယူဆောင်ပေးနိုင်ရန် အတွက် ထိုအဆင့် များကို မလွဲမသွေ ဖြတ်သန်းကြရမည်ဟုဆိုပါသည်။ မူလက အဆင့် ၎ဆင့် ရှိနေရာမှ ၁၉၇၇ ခုနှစ်တွင် နောက်ထပ်တစ်ဆင့် ကိုထပ်ပြီး ထည့် သွင်းခဲ့ ပြီးစုစုပေါင်း အဆင့်  ၅ ဆင့် ဖြစ်လာခဲ့ သည်။ အောက်မှာတော့ အဲ့ ဒီအဆင့် တွေကိုဖော်ပြပေးထားပါတယ်။

၁။ ဖွဲ့ စည်းခြင်းအဆင့် (Forming)
၂။ ပြင်းထန်လှူပ်ရှားသောအဆင့် (Storming)
၃။ ပုံမှန်ဖြစ်ခြင်းအဆင့် (Norming)
၎။ ပြုလုပ်ဆောင်ရွက်နိုင်ခြင်း အဆင့် (Performing)
၅။ ပြီးဆုံးရပ်နားခြင်းအဆင့် (Adjourning)

၁။ ဖွဲ့ စည်းခြင်းအဆင့် (Forming)
ဒီအဆင့် ကတော့ ယဉ်ယဉ်ကျေးကျေး စူးစမ်းတဲ့ အဆင့် ပါ။ ပရောဂျက်အသင်းမှာ ပါတဲ့ သူတွေဟာ တစ်ယောက်နဲ့  တစ်ယောက် မသိသေးတဲ့ အတွက် နဲနဲစိမ်းနေပြီး သတိထားဆက်ဆံကြပါလိမ့် မယ်။ အများစုကတော့ " ငါ့ ဆီကနေ ဘာတွေများမျှော်လင့် နေလဲ?" "အသင်းထဲက ကျန်တဲ့ လူတွေကရော ဘယ်လိုလူမျိုးတွေလဲ?" ဆိုတာတွေကို တွေးနေကြတဲ့ အဆင့် ပါ။ အနဲဆုံးတော့ ဒီအဆင့် မှာ ပရောဂျက် မန်နေဂျာကနေ တစ်ယောက်နဲ့ တစ်ယောက် ကို မိတ်ဆက်ပေး၊ ကိုယ့် အကြောင်းကိုယ်နဲနဲ ပြောပြစေခြင်းနဲ့ ၊ ရင်းနှီးမှူ အနည်းငယ်ရအောင်လုပ်ရပါမယ်။

၂။ ပြင်းထန်လှူပ်ရှားသောအဆင့် (Storming)
ဒီအဆင့် ကတော့ နဲနဲပြဿနာ ရှိတဲ့ ဆင့် ပါ။ အခုလောက်ဆိုရင်တော့  အသင်းသားတွေဟာ တစ်ယောက်နဲ့  တစ်ယောက် ကောင်းကောင်းသိနေကြပြီဖြစ်တဲ့ အတွက် လုပ်ငန်းဆိုင်ရာ အတွေးအခေါ် တွေ၊ ဆုံးဖြတ်ချက်တွေကို သဘောတူတယ် မတူတယ်ဆိုတာကို ပွင့် ပွင့် လင်းလင်း ငြင်းခုံကြပါလိမ့် မယ်။

ပရောဂျက် မန်နေဂျာတွေ အနေနဲ့ ဒီအဆင့် ကို ပါးနပ်စွာသတိထားကိုင်တွယ်သင့် ပါတယ်။ အသင်းသားတွေဟာ သဘောထားကွဲလွဲမှူတွေ နဲ့ အမြစ်တွယ် မနေပဲ၊ လုပ်ငန်းတာဝန်တွေကို ရှေ့ ဆက်နိုင်အောင် လမ်းပြဦးဆောင်ရပါတယ်။

Tuckman ရဲ့ အဆိုအရတော့ အသင်းတစ်သင်းဟာ Storming အဆင့် ကိုမဖြစ်မနေဖြတ်သန်းတွေ့ ကြုံဖို့  လိုပါတယ်။ဒါမှလည်း တစ်ဦးနဲ့ တစ်ဦးဆီကနေ သီးခံနိုင်ခြင်း၊ နားလည်ခြင်း၊ စတဲ့ အဖိုးတန်တဲ့ အတွေ့ အကြုံတွေကို သင်ခန်းစာယူနိုင်ကြပါလိမ့် မယ်။

၃။ ပုံမှန်ဖြစ်ခြင်းအဆင့် (Norming)
ဒီအဆင့် မှာကတော့ တစ်ဦးနဲ့ တစ်ဦး လိုက်လျောကူညီတဲ့ အဆင့် ပါ။ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသွားကြပြီဖြစ်တဲ့ အတွက် တတ်နိုင်သမျှ သဘောထားကွဲလွဲမှူပြဿနာတွေမဖြစ်အောင် ရှောင်ကြပြီး အလုပ်တာဝန်တွေပြီးဖို့ အတွက်ကိုသာ ပိုပြီးကြိုးစားပါလိမ့် မယ်။ သဘောထားကွဲလွဲမှူတွေ ရှိနိုင်သေးပေမယ့် အများစုရဲ့  ဆန္ဒအတိုင်း လိုက်နာဆောင်ရွက်ပါလိမ့် မယ်။

၎။ ပြုလုပ်ဆောင်ရွက်နိုင်ခြင်း အဆင့် (Performing)
ဒီအဆင့် ကတော့ အကောင်းဆုံးအဆင့် ပါ။ အသင်းသား အားလုံး ဟာမိမိတို့ ရဲ့ အလုပ်တာဝန်တွေကို အောင်အောင်မြင်မြင် လုပ်နိုင်နေကြပြီး၊ တစ်သင်းလုံး အနေနဲ့ ဆောင်ရွက်ချက်ဟာ အထွတ်အထိပ်ကိုရောက်နေပါပြီ။ တစ်ဦးနဲ့  တစ်ဦးဆက်ဆံရေးကလည်း အသားကျနေပြီး အပြန်အလှန် ထိမ်းကျောင်းကာ ညှိုနှိုင်းဆောင်ရွက်နေကြပြီ။

၅။ ပြီးဆုံးရပ်နားခြင်းအဆင့် (Adjourning)
ဒီအဆင့် ကိုတော့ ၁၉၇၇ ခုနှစ်ကျမှ Tuckman ကထပ်ထည့် လိုက်တာပါ။ ပြီးဆုံးရပ်နားခြင်း အဆင့် လို့ ခေါ်ပါတယ်။

လုပ်ငန်း တာဝန်တွေ ပြီးဆုံးတဲ့အတွက် အသင်းသားတွေ အားလုံး ခွဲခွာရမယ့် အခြေအနေပါ။ ဒီအချိန်မှာတော့  ပရောဂျက် မန်နေဂျာတွေဟာ လုပ်ငန်းတာဝန်တွေပြီးဆုံးမှူ အောင်ပွဲကို အသင်းသားတွေနဲ့ အတူ ကျင်းပဆင်နွှဲသင့်  ပါတယ်။ ဒါ့  အပြင် မိမိတို့ အတူအကွ လုပ်ခဲ့ တဲ့  အတွေ့ အကြုံ တွေကိုလည်း ပြန်လည်ဝေဖန် သုံးသပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့  အသင်းသား အချင်းချင်း တစ်ဦးနဲ့ တစ်ဦး နုတ်ဆက်ကြပြီး၊ စိတ်မကောင်းစွာနဲ့ ခွဲခွာကြရတဲ့ အဆင့် ပါ။

လုပ်ငန်းတာဝန် ခွဲဝေခြင်း ဇယားကွက် သို့ မဟုတ် (RACI) နှင့် မိတ်ဆက်ခြင်း (Introduction to RACI Matrix)


ဒီပို့ စ်လေးမှာတော့ ပရောဂျက် စီမံခန့် ခွဲမှူ နယ်ပယ်မှာ အသုံးများပြီး ထိရောက်မှူရှိတဲ့  RACI (ရာဆီ) Matrix လို့ ခေါ်တဲ့  ဇယားကွက်လေးတစ်ခု ကို မျှဝေချင်ပါတယ်။ ပရောဂျက်တစ်ခု စတင်ပြီဆိုပါက ပထမဆုံးအနေနဲ့  ပါဝင်မယ့်  အသင်းသားတွေကို ရွေးချယ် ဖွဲ့ စည်းရပါတယ်။ အဲ့ ဒီ အသင်းသားတွေမှာ ဘယ်သူက ဘယ်တာဝန်ကိုယူရမယ်၊ ဘယ်အလုပ်တာဝန်အတွက် သူသာ သီးသန့်  ဆောင်ရွက်မယ်၊ ဘယ်လို အခန်းကဏ္ဏတွေက ပါဝင်လုပ်ကိုင်ရမည်၊ စသဖြင့်  တိတိကျကျ သတ်မှတ်ထားရန် လိုပါသည်။
ထိုသို့ တာဝန်ခွဲဝေမှူတွေကို တိတိကျကျ နဲ့ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ဖို့  ဒီ RACI Matrix ကို အသုံးပြုကြပါတယ်။

RACI MATRIX


RACI ရဲ့ အဓိပ္ပါယ်ကို အောက်မှာကြည့် ကြရအောင်၊ 

R - Responsible (လုပ်ဆောင်ရန် တာဝန်ယူမှူ)
ဘယ်သူက ဒီလုပ်ငန်း တာဝန်ကို လုပ်ဆောင်ရန် အတွက် တာဝန်ယူရမည်။

A - Accountable (ဦးဆောင်ဖြေရှင်းရန် တာဝန်ယူမှူ)
ဘယ်သူက ဒီလုပ်ငန်းတာဝန် အဆင်မပြေဖြစ်ခဲ့ ပါက ဖြေရှင်းဆောင်ရန် အတွက် တာဝန်ယူရမည်။

C - Consulted (ဆွေးနွေးတိုင်ပင်မှူ)
ဒီလုပ်ငန်းတာဝန် နဲ့ ပတ်သက်ပြီး ဆွေးနွေး အတိုင်ပင်ခံ အဖြစ်ဆောင်ရွက်ရမည်။

I - Informed (သတင်းပို့ အကြောင်းကြားမှူ)

ဘယ်သူတွေဆီကို အလုပ်တာဝန်ရဲ့ ပြီးမြောက်မှူ တွေကို သတင်းပို့ အကြောင်းကြားရမည်။
ဆွေးနွေးတိုင်ပင်မှူ (Consulted) နဲ့ သတင်းပို့ အကြောင်းကြားမှူ (Informed) တို့ ရဲ့ ခြားနားချက် ကတော့  ဆွေးနွေးတိုင်ပင်မှူသည် အပြန်အလှန် နှစ်ဦးနှစ်ဖက် ပြောဆိုခြင်းဖြစ်ပြီး သတင်းပို့  အကြောင်းကြားခြင်းကတော့  အသိပေးရုံသက်သက် တလမ်းသွားဆက်သွယ်မှူမျိုး ပဲဖြစ်ပါတယ်။

ဘယ်လိုအသုံးဝင်သလဲ?
၁။ ဒီဇယားကွက် ကို ကြည့် ခြင်းဖြင့်  ပရောဂျက်မှာ ဘယ်သူတွေဟာဖြင့်  အလုပ်တာဝန်တွေ အရမ်းများ နေပြီး ဘယ်သူတွေဟာတော့ အလုပ်တာဝန် နဲနဲ ပဲ ရှိနေတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။

၂။ ပရောဂျက်မှာ ပါဝင်သူအားလုံးဟာ ဘယ်သူက ဘယ်အလုပ်အတွက် ဦးဆောင်ရမလဲ ဆိုတာလည်း တပြေးတည်း ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

၃။ သိသင့် သိထိုက်တဲ့ လူတွေအားလုံး ကို ဆက်ဆံရေး ပတ်လမ်းထဲမှာ ထည့် ထားတဲ့ အတွက် နားလည်မှူလွဲစေတဲ့  ပြဿနာတွေကိုလည်း လျော့ ချပေးပါတယ်။

၎။ ဒီဇယားကွက်လေးကို အခြေခံပြီး ပရောဂျက်အတွင်း ဆက်ဆံရေးကို အလွယ်တကူ စီမံခန့် ခွဲနိုင်ပါတယ်။ ဘယ်သူတွေကတော့ အကြောင်းကြားဖို့ ပဲလိုပြီး၊ ဘယ်သူတွေကတော့ ဆွေးနွေးတိုင်ပင်ဖို့ အစည်းအဝေးတွေမှာ ပါဝင်ဖို့  လိုတယ် စသဖြင့် အဆင့် ခွဲခြားကာ မလိုလားအပ်တဲ့ အီးမေးလ် အရေအတွက်ကိုလည်း လျော့  ချနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် အားလုံးကို အချိန်ကုန်သက်သာစေပါတယ်။ 

RACI ကို ဘယ်လိုပိုပြီးကောင်းအောင်လုပ်မလဲ?
၁။ လုပ်ရမဲ့ လုပ်ငန်းတာဝန် တစ်ခုစီမှာ တာဝန်ယူလုပ်ဆောင်မဲ့ (R) နဲ့  ဦးဆောင်ဖြေရှင်းမဲ့ (A) တာဝန်အတွက် စုစုပေါင်း နှစ်ယောက် တာဝန်ပေးသင့် ပါတယ်။ အကယ်၍ လုပ်ရမဲ့ အလုပ်ဟာ ရှင်းလင်းလွယ်ကူပြီး အရေးကြီးတာဝန် မဟုတ်မှသာ (R) နဲ့ (A) နှစ်နေရာစလုံးအတွက် တစ်ယောက်သာ တာဝန်ယူပါစေ။

၂။ နောက်တစ်ချက်ကတော့ တာဝန်တိုင်းမှာ ဦးဆောင်ဖြေရှင်းမဲ့ (A) နေရာအတွက် တစ်ဦးကိုတာဝန်သတ်မှတ်ပေးပါ။ လုပ်ဆောင်ရန်တာဝန်ကို ခွဲဝေနိုင်သော်လည်း ဦးဆောင်ဖြေရှင်းရန်တာဝန်ကိုတော့ သီးသန့် တစ်ယောက်ကိုသာ တာဝန်ပေးပါ။

၃။ အကယ်၍ တစ်ချို့ တာဝန်များတွင် အတိုင်ပင်ခံ (C) အများအပြားပါနေက တစ်ချို့ ကို သတင်းပို့ ရန် လိုအပ်သူ (I) အဆင့် သို့ ပြောင်းသင့် ပါတယ်။ ဒါပေမယ့် (I) တွေကို လည်း ပရောဂျက်အတွင်း မလိုအပ်တဲ့ ဆက်ဆံရေး အနှောက်အယှက် အသံများ နဲစေရန် ဖြစ်နိုင်သမျှ ကန့် သတ်ထားသင့်  ပါသည်။

အခုလောက်ဆို ဒီ RACI ဇယားကွက်ဟာ ပရောဂျက်စီမံခန့် ခွဲမှူ လုပ်ငန်းဆောင်ရွက်မှူ တွေမှာ အများကြီးအထောက်အကူ ဖြစ်တယ်ဆိုတာ သိလောက်ပါပြီ။ ဒါကြောင့် မိမိတို့ ပရောဂျက်တွေမှာ RACI ကို စတင်အသုံးပြု ပြီး အလုပ်တာဝန်တွေကို မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်စွာ ပြီးဆုံးအောင် ဆောင်ရွက်နိုင်ကြပါစေ။

ပရောဂျက် အစီရင်ခံစာ အမျိုးအစားများ (Types of Project Reports)


ကုမ္ပဏီအများစုတို့ တွင် ပရောဂျက်မန်နေဂျာတို့ သည် မိမိတာဝန်ယူ လုပ်ကိုင်နေသော ပရောဂျက်များ၏ အခြေအနေကို သက်ဆိုင်ရာ အရေးပါသူများထံ ပရောဂျက် အစီရင်ခံစာများ (Project Reports) ဖြင့်  အပတ်စဉ်၊ ၂ ပါတ်တစ်ခါ၊ လစဉ် စသည်ဖြင့်  မှတ်တမ်းတင်ကာ သတင်းပို့ ကြရသည်။ ထိုသို့ Reports များ ပြင်ဆင်ရခြင်း သည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။ ပရောဂျက် အချက်အလက်စုစည်းရခြင်း၊ ရရှိလာသော အချက်များကို သက်ဆိုင်ရာအရေးပါသူများထံ မပို့ ခင် မှန်မမှန် စီစစ်ရခြင်း၊ အရေးတကြီး လုပ်စရာများအတွက် ကြိုတင်စီစဉ်ရခြင်း၊ စသည့် ဖြင့် များစွာ အချိန်ပေးရပါသည်။ 

ထိုမျှမက ပရောဂျက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အရေးပါသူများ သိချင်သော၊ သိသင့် သိထိုက်သော အချက်အလက်များ၊ စနစ်တကျပါဝင်မှူကိုလည်း အထူးဂရုပြုရပါသည်။ ပရောဂျက်မန်နေဂျာများ အနေဖြင့် ထိုကဲ့ သို့  အရေးပါသည့် အချက်များ အားလုံးပါဝင်ပြီး ၊ နည်းစနစ်တကျဖြင့်  ပြီးစီးနိုင်စေရန် အောက်ပါ အစီရင်ခံစာ (Report) အမျိုးအစားများကို အသုံးပြုရန် အကြံပြု လိုပါသည်။
ပရောဂျက် အခြေအနေပြ အစီရင်ခံစာ (Project Status Report)
ပေးထားတဲ့ နာမည်အတိုင်း ပရောဂျက်ရဲ့ အခြေအနေကိုသိရှိရန်အတွက် အသုံးပြုနိုင်ပါတယ်။ အလယ်အလတ်အဆင့် အသေးစိတ်တင်ပြချက်များပါဝင်ပါတယ်။ ဆိုလိုသည်မှာ ယခုလက်ရှိ ပရောဂျက်ရဲ့  အနေအထားနဲ့ ပတ်သက်တဲ့ အောက်က မေးခွန်းမျိုးတွေ အတွက် ရှင်းလင်းတဲ့ တင်ပြချက်တွေ ပါသင့် ပါတယ်။
၁။ အခုလက်ရှိ ပရောဂျက်ရဲ့ ၊ တိုးတက်မှူဟာ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း လမ်းကြောင်းပေါ်မှာပဲလား?
၂။ နောက်ထပ် ဘယ်လို အစီအစဉ်တွေ နဲ့ ဘယ်လိုလုပ်ဆောင်ချက်တွေ ပြင်ဆင်ထားသလဲ?
၃။ ပရောဂျက် အောင်အောင်မြင်မြင်ပြီးဖို့ ဘယ်လို အခက်အခဲတွေ ရှိနေလဲ၊ သို့ မဟုတ် ရှိလာနိုင်သလဲ?
၎။ သတ်မှတ်ထားတဲ့ အချိန်အလိုက် တိုးတက်မှူ စံနှူန်းစံထား ကိန်းဂဏန်းတွေအတိုင်း၊ ပြီးစီးမှူ ရှိရဲ့ လား?

ဖြစ်ပေါ်ကြုံတွေ့ လာနိုင်သော ပရောဂျက် ပြဿနာများ စုစည်းမှူ မှတ်တမ်း (Project Risk Register)
ထိုမှတ်တမ်းသည်လည်း အလွန်ရေးပါသော အစီရင်ခံစာ တစ်မျိုးဖြစ်သည်။ ဖြစ်နိုင်ချေရှိသော အခက်အခဲ ပြဿနာများသည် ပရောဂျက်များကို နောက်ကွယ်မှနေ၍ အောင်မြင်မှူလမ်းကြောင်းပေါ်မှ တွန်းချရန် အမြဲစောင့်  ဆိုင်းနေလေ့ရှိသည်။ဖော်ပြပါ မှတ်တမ်းသည် ထိုအန္တရာယ်များ၏ ဖြစ်နိုင်ချေကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဒုက္ခပေးနိုင်သည့် ဆိုးကျိုးအဆင့် ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားကာ ဖြစ်လာပါကဖြေရှင်းရန် နည်းလမ်းအဖြေများကိုလည်း စဉ်းစားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိုမှတ်တမ်းကို အခြေအနေပြအစီရင်ခံစာ (Status Report) တွင် နောက်ဆက် တွဲအနေဖြင့်  အတူဖော်ပြနိုင်ပါသည်။ ဥပမာအားဖြင့် ကြုံတွေ့ နိုင်သော ပြဿနာ အရေအတွက် လက်ရှိအချိန်တွင် မည်မျှရှိသည်။ ဘယ်နှစ်ခု ရှင်းလင်းပြီးပြီ၊ ဘယ်နှစ်ခု ရှင်းလင်းရန်ကျန် စသဖြင့်  အရေးပါသူများ သိရှိရန် တင်ပြနိုင်ပေသည်။

လက်ရှိကြုံတွေ့ နေရသော အခက်အခဲ စုစည်းမှူ မှတ်တမ်း (Issue Log)
ကြိုတင်ခန့် မှန်းထားတဲ့အတိုင်း တကယ်ဖြစ်လာတဲ့ ပြဿနာတွေ သို့ မဟုတ် မမျှော်လင့်  ပဲ ဖြစ်လာတဲ့ ပြဿနာ အခက်အခဲတွေကို စုစည်းထားတာဖြစ်ပါတယ်။ ဒီမှတ်တမ်းမှာ ပြဿနာတွေရဲ့  အရေးပေါ်ဖြေရှင်းရန် လိုအပ်မှူအပေါ် မူတည်ပြီး အဆင့် သတ်မှတ်ပါတယ်။ ပြဿနာအဆင့် အလိုက် လုပ်ငန်းတွေလုံးဝ ရပ်ဆိုင်းရမဲ့ အဆင့် မှစ၍ လိုအပ်ချက် နဲနဲဖြင့် ဖြေရှင်းလို့ ရ နိုင်တဲ့  အဆင့် ထိအမျိုးစုံ ပါဝင်ပါတယ်။ ဒါ့ အပြင် ဘယ်အချိန်မှာ ဘယ်ပြဿနာကို အပြီးသတ် ဖြေရှင်းရမယ် စသည့်  စီစဉ် ထားမှူတွေ ပါဝင်ပါတယ်။ ဒါကြောင့်  ဒီမှတ်တမ်းကို ပရောဂျက် အသင်းတစ်ခု လုံးရဲ့  ဦးတည်ချက် အဖြစ်အသုံးပြုပြီး ပရောဂျက်ကို ဒုက္ခတွင်းထဲမှ လမ်းကြောင်းပေါ်ပြန်ရောက်လာအောင် စွမ်းဆောင်နိုင်ပါတယ်။

အလုပ်အမှူဆောင် အစီရင်ခံစာ အကျဉ်းချုပ် (Executive Summary)
ဒီအစီရင်ခံစာကတော့ အထက်ကပြောခဲ့ တဲ့ ပာာတွေနဲ့  နဲနဲကွဲပြားပါတယ်။ အစီရင်ခံစာကို အရမ်းအလုပ်များပြီး အချိန်နဲနဲပဲရတဲ့  ဒါရိုက်တာ အဆင့် ထိပ်တန်း အရေးပါသူတွေ ဖတ်မှာဖြစ်တဲ့ အတွက် ရေးနည်းရေးဟန် လိုတိုရှင်းဖြစ်ဖို့ လိုပြီး ပရောဂျက် အခြေအနေကို တိတိကျကျ ခြုံငုံပြီး သုံးသပ်တင်ပြနိုင်ရပါမယ်။ အစီရင်ခံစာကို ဖတ်လိုက်တာနဲ့  ပရောဂျက်ဟာ ကုမ္ပဏီက မျှော်လင့် ထားတဲ့ အတိုင်းဖြစ်လာရဲ့ လား။ ပရောဂျက်ရဲ့  တိုးတက်နေမှူရလာဒ် ပာာ ကုမ္ပဏီရဲ့ အနာဂါတ် စီးပွားရေး မဟာဗျူဟာကိုရော အထောက်အပံ့ ဖြစ်ရဲ့ လား၊ စတဲ့  အချက်တွေကို ထင်သာမြင်သာရှိစေရပါမယ်။ တင်ပြတဲ့ အချက်အလက်အားလုံးဟာ မှန်ကန်တိကျပြီး ဦးတည်ချက်ရှင်းလင်းရပါမယ်။ ထိပ်တန်းအရာရှိတို့ သည် အတွေ့ အကြုံရှိသူများပီပီ ပရောဂျက်များသည် အစီအစဉ်အတိုင်း ဖြစ်မလာနိုင်သည်ကို သဘောပေါက်ကြသည်။ 

ထို့ ကြောင့် အဖြစ်မှန်အတိုင်း ဖော်ပြဖို့ လိုသည်။ သူတို့  ပို၍ စိတ်ဝင်စားသည်မှာ ထိုအခက်အခဲ အနေအထားမှ ကောင်းမွန်သည့် အနေအထား သို့  ပြန်လည်ရောက်ရှိအောင် မည်သို့  အစီအစဉ်ရှိသည်ကိုသာဖြစ်ပါသည်။ 

အချုပ်အားဖြင့် ဆိုလျှင် အထက်တွင် ဖော်ပြခဲ့ သော အစီရင်ခံစာ များသည် အခြေခံအားဖြင့် ထိရောက်မှူ ရှိလှပေသည်။ မည်သည့်  အစီရင်ခံစာ သည် ပရောဂျက် အတွက် သင့် တော်သည်ကိုတော့  ပရောဂျက်မန်နေဂျာများ အနေဖြင့်  မိမိ ပရောဂျက်၏ လိုအပ်မှူ၊ အပေါ်မူတည်၍ ချင့် ချိန်ဆုံးဖြတ်ရပေမည်။ အရေးအကြီးဆုံး အနေဖြင့် မိမိတို့  တင်ပြသော ပရောဂျက် အစီရင်ခံစာများ သည် ပြင်ဆင်ရန် လွယ်ကူပြီး အချိန်တိုတိုဖြင့်  ပြီးစီးနိုင်ရပေမည်။ သို့ မှသာ ပရောဂျက် မန်နေဂျာများသည် မလိုလားအပ်ဘဲ အချိန်ကုန်ခြင်းများကိုလျော့ ချနိုင်မည်ဖြစ်ပေသည်။

ယှဉ်တွဲလုပ်ဆောင်ခြင်း (Fast Tracking) နှင့် လူအင်အားဖြည့် တင်းဆောင်ရွက်ခြင်း (Crashing)


ပရောဂျက်မန်နေဂျာများသည် မိမိတာဝန်ယူလုပ်ဆောင်နေသော ပရောဂျက်များ၏ အချိန်ဇယားများကို အပတ်စဉ်တိုင်း ပြန်လည်သုံးသပ်သင့်ပေသည်။ သို့ မှသာ ပရောဂျက်သည် သတ်မှတ်ထားသည့် အတိုင်း တိုးတက်မှူ ရှိသည် မရှိသည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်လိမ့် မည်။ အကယ်၍ ပရောဂျက်သည် နောက်ကျနေပါက ပြန်လည်၍ အချိန်မှီပြီးစီးလာစေရန် လုပ်ဆောင်နိုင်မည့် စီမံခန့် ခွဲမှူ လုပ်ထုံးလုပ်နည်း အချို့ ကို အသုံးချရလိမ့် မည်။ 

ဥပမာအားဖြင့် ၊ ပရောဂျက် တစ်ခုသည် တော်တော်ဆိုးဆိုးရွားရွား နောက်ကျလာသည်ဟု စဉ်းစားကြည့်ရအောင်။ ပရောဂျက်ကိုပြန်လည် အချိန်မှီလာအောင်လုပ်နိုင်မည့် ရိုးရှင်းလွယ်ကူသော အခြေခံ အချိန်ဇယားလုပ်ထုံးလုပ်နည်းများ (Simple Scheduling Techniques) လည်း အသုံးချ၍ မဖြစ်နိုင်။ ဒါ့ အပြင် ပရောဂျက်ပြီးစီးရမည့်  အချိန်(Project Deadline) သည်ပြောင်းလဲခွင့်  မရှိသည့် အခြေအနေဟုလည်း ယူဆကြည့်ရအောင်။ 

ထိုအခြေအနေတွင်  နောက်ဆုံးပိတ်အနေဖြင့် အသုံးချသင့် သော နည်းစနစ် ၂ မျိုးရှိပါသည်။ ၄င်းတို့ ကို လုပ်ငန်းတာဝန်အလုပ်များကို ယှဉ်တွဲလုပ်ဆောင်ခြင်း (Fast Tracking) နှင့် လူအင်အားဖြည့် တင်းဆောင်ရွက်ခြင်း (Crashing) ဟုခေါ်တွင်ကြပါသည်။ (အောက်တွင်ဆက်လက်ဆွေးနွေးသည့် အခါ လွယ်ကူစေရန်မူရင်း English စကားလုံးများကိုသာ အသုံးပြုကြရအောင်။)

Fast Tracking တွင် လုပ်ငန်းတာဝန်အလုပ်များကို ယခင်က လုပ်ရိုးလုပ်စဉ် အတိုင်း တစ်ခုပြီးမှတစ်ခု လုပ်ရန် အစီအစဉ်မှ ယှဉ်တွဲလုပ်ကိုင်ရန် အနေအထားသို့ ပြောင်းလဲလုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာတစ်ခုဖြင့် သုံးသပ်ကြည့်  ရအောင်။ ဆောက်လုပ်ရေး ပရောဂျက်တစ်ခုတွင် လုပ်ရိုးလုပ်စဉ် အားဖြင့်  ဆောက်လုပ်မှူစတင်ခြင်း (Construction Commecement) သည် ဒီဇိုင်းတွက်ချက်မှူ (Design Calculation) ပြီးစီးမှသာ စတင်လေ့ ရှိသော်လည်း၊ Fast Tracking နည်းစနစ်တွင် ဒီဇိုင်းတွက်ချက်မှူ အလုံးစုံ ၁၀၀% ပြီးစီးသည်အထိ မစောင့် ဘဲ ဒီဇိုင်းတွက်ချက်မှူ ၈၀% ပြီးစီးရုံမျှဖြင့်  ဆောက်လုပ်မှူ ကိုစတင်ခြင်းဖြစ်သည်။ ထိုကဲ့ သို့ သော ယှဉ်တွဲလုပ်ဆောင်ခြင်း သဘောသဘာဝ များ ပါဝင်မှူကြောင့်  Fast Tracking သည် အရဲစွန့် ရမှူ (Risk) များဖြင့် တွေ့ ကြုံရနိုင်ပြီး လုပ်ပြီးသားအလုပ်များကို ပြန်လည်လုပ်ဆောင်ရခြင်း (Rework) အခြေအနေများလည်း ဖြစ်ပေါ်လာနိုင်သည်။ ဆိုလိုသည်မှာ အထက်ဖော်ပြပါဒီဇိုင်းနှင့် ဆောက်လုပ်ခြင်းယှဉ်တွဲလုပ်ဆောင်  နေစဉ်အတွင်း  နောက်ဆုံးအဆင့် ဒီဇိုင်းပြောင်းလဲမှူ အချို့ ဖြစ်လာပါက ဆောက်လုပ်ပြီးသားအချို့  အလုပ်များကို ပြန်ပြင်ရနိုင်ပေသည်။

လေ့လာမှူများအရ ပရောဂျက် အချိန်ဇယားတစ်ခုတွင် တစ်ခုပြီးမှတစ်ခုလုပ်ရန် လုပ်ငန်းတာဝန်များ (Sequential Activities) ကို ၊ ယှဉ်တွဲလုပ်ဆောင်နိုင်သော လုပ်ငန်းတာဝန်များ (Fast Tracked Activities) အဖြစ် ၃၃% အထိပြောင်းလဲ လုပ်ကိုင်နိုင်ကြပါသည်။ တစ်နည်းအားဖြင့်  ဆိုရသော် ပထမအလုပ်တာဝန် (First Activity) သည် ၆၆% ပြီးစီးပါက ဒုတိယအလုပ်တာဝန် (Second Activity) ကိုစတင်ခြင်းမျိုး ဖြင့်  ပရောဂျက် လုပ်ငန်းများလုပ်ဆောင်ရန် ကြာချိန်ကို လျှော့ချ၍ စီစဉ်လုပ်ဆောင်နိုင်ပါသည်။ အရဲစွန့်  ရမှူအန္တရာယ် ရှိသော်လည်း ဆိုးရွားသော ပရောဂျက် ကျဆုံးမှူ အခြေအနေမျိုးလောက် မရှိနိုင်သဖြင့်  အများအားဖြင့် ပရောဂျက်စီမံခန့်  ခွဲမှူ နယ်ပယ်တွင် Fast Tracking နည်းစနစ်ကို ကျယ်ပြန့် စွာ အသုံးပြုကြပါသည်။

Crashing နည်းစနစ်သည် ပရောဂျက်၏ အရေးကြီးပြီး၊ မဖြစ်မနေပြီးရမည့် အလုပ်တာဝန်များ (Critical activities) ကိုလုပ်ဆောင်ရန်အတွက် လူအင်အားထပ်တိုးထည့် ကာ လုပ်ဆောင်ခြင်းဖြစ်သည်။ သို့ သော် လူအင်အားထပ်ထည့်  လိုက်တိုင်း လုပ်ငန်းပြီးမြောက်နိုင်စွမ်း တိုးလာသည်တော့  မဟုတ်ပေ။ဥမမာအားဖြင့် လုပ်သားတစ်ယောက်သည် ၁၀ ရက်ကြာလုပ်ရမည့်  မဖြစ်မနေပြီးရမည့်  အလုပ်တာဝန်တစ်ခုကို လုပ်ဆောင်နေသည်ဆိုပါစို့ ။ ကုမ္ပဏီမှ ထိုအလုပ်တာဝန်ကို ၅ ရက်အတွင်းပြီးစေချင်သဖြင့် နောက်ထပ် လုပ်သားတစ်ယောက်ကို ထပ်ထည့် လိုက်သည်။ သို့  သော် ထပ်ထည့် လိုက်သော လုပ်သားသည် ရှိသင့် သော ကျွမ်းကျင်မှူမရှိသဖြင့် တကယ်တမ်း ၅ရက်ပြည့် သောအခါ ထိုအလုပ်တာဝန်သည် မပြီးဘဲ ၈ ရက်မြောက်မှသာပြီး သည် ဆိုပါစို့ ။ ထိုအခြေအနေတွင် ရရှိလာသော အကျိုးကျေးဇူးသည် ၂ ရက်စော၍ပြီးခြင်းသာဖြစ်သည်။ ထိုကဲ့ သို့ သောရလာဒ် သည် လက်တွေ့ တွင် ပရောဂျက်အတွက် သိသိသာသာ အကျိုးများခြင်းတော့ မဟုတ်ပေ။ 

ထို့ ကြောင့် Crashing လုပ်မည်ဆိုလျှင် လူအင်အား ထပ်ထည့် ၍ အောင်မြင် ပြီးစီး နိုင်မည့် လုပ်ငန်းတာဝန်ပမာဏ နှင့် နောက်တိုးလူအင်အားအတွက် ကုန်ကျစရိတ်တို့ ကို စနစ်တကျ ချင့် ချိန်သင့်  ပေသည်။ အများအားဖြင့် ပရောဂျက်၏ မဖြစ်မနေပြီးမြောက်ရမည့်  အလုပ်တာဝန်များ (Critical Activities) အား သတ်မှတ် ချိန်ထက်စော၍ ပြီးစေရန်  ငွေကြေးထပ်မံ ဖြည့် တင်းဆောင် ရွက်နိုင်ပါက Crashing နည်းစနစ်သည် သင့်  တော်သော နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။