Thursday, 16 June 2016
တပ်ခ်မန်၏ အသင်းဖွံ့ ဖြိုးမှူ အဆင့်  ၅ ခု (Tuckman's Five Stages of Team Development)
ဒီတစ်ခါတော့ ပရောဂျက်အသင်းတွေကို ထိမ်းကျောင်းကိုင်တွယ်တဲ့ နေရာမှာ အသုံးပြုလေ့ ရှိတဲ့  သီအိုရီတစ်ခုနဲ့  မိတ်ဆက်ပေးချင်ပါတယ်။ ဒီသီအိုရီကိုတော့ ဘရုစ်ဝိန်းတပ်ခ်မန် (Bruce Wayne Tuckman) ဆိုတဲ့  စိတ်ပညာရှင်တစ်ဦးက ၁၉၆၅ ခုနှစ်မှာ ရေးသား ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ တပ်ခ်မန်၏ အဆင့် များ (Tuckman's Stages) လို့  ခေါ်ကြပါတယ်။
သူရဲ့ လေ့ လာမှူအဆိုအရ၊ ပရောဂျက်အသင်း သို့ မဟုတ် အသင်းအဖွဲ့ တစ်ခုသည် အတူတကွ ပူးပေါင်းပြီး အရည်အသွေးမြင့် သော ရလာဒ်များကို ယူဆောင်ပေးနိုင်ရန် အတွက် ထိုအဆင့် များကို မလွဲမသွေ ဖြတ်သန်းကြရမည်ဟုဆိုပါသည်။ မူလက အဆင့် ၎ဆင့် ရှိနေရာမှ ၁၉၇၇ ခုနှစ်တွင် နောက်ထပ်တစ်ဆင့် ကိုထပ်ပြီး ထည့် သွင်းခဲ့ ပြီးစုစုပေါင်း အဆင့်  ၅ ဆင့် ဖြစ်လာခဲ့ သည်။ အောက်မှာတော့ အဲ့ ဒီအဆင့် တွေကိုဖော်ပြပေးထားပါတယ်။
၁။ ဖွဲ့ စည်းခြင်းအဆင့် (Forming)
၂။ ပြင်းထန်လှူပ်ရှားသောအဆင့် (Storming)
၃။ ပုံမှန်ဖြစ်ခြင်းအဆင့် (Norming)
၎။ ပြုလုပ်ဆောင်ရွက်နိုင်ခြင်း အဆင့် (Performing)
၅။ ပြီးဆုံးရပ်နားခြင်းအဆင့် (Adjourning)
၁။ ဖွဲ့ စည်းခြင်းအဆင့် (Forming)
ဒီအဆင့် ကတော့ ယဉ်ယဉ်ကျေးကျေး စူးစမ်းတဲ့ အဆင့် ပါ။ ပရောဂျက်အသင်းမှာ ပါတဲ့ သူတွေဟာ တစ်ယောက်နဲ့  တစ်ယောက် မသိသေးတဲ့ အတွက် နဲနဲစိမ်းနေပြီး သတိထားဆက်ဆံကြပါလိမ့် မယ်။ အများစုကတော့ " ငါ့ ဆီကနေ ဘာတွေများမျှော်လင့် နေလဲ?" "အသင်းထဲက ကျန်တဲ့ လူတွေကရော ဘယ်လိုလူမျိုးတွေလဲ?" ဆိုတာတွေကို တွေးနေကြတဲ့ အဆင့် ပါ။ အနဲဆုံးတော့ ဒီအဆင့် မှာ ပရောဂျက် မန်နေဂျာကနေ တစ်ယောက်နဲ့ တစ်ယောက် ကို မိတ်ဆက်ပေး၊ ကိုယ့် အကြောင်းကိုယ်နဲနဲ ပြောပြစေခြင်းနဲ့ ၊ ရင်းနှီးမှူ အနည်းငယ်ရအောင်လုပ်ရပါမယ်။
၂။ ပြင်းထန်လှူပ်ရှားသောအဆင့် (Storming)
ဒီအဆင့် ကတော့ နဲနဲပြဿနာ ရှိတဲ့ ဆင့် ပါ။ အခုလောက်ဆိုရင်တော့  အသင်းသားတွေဟာ တစ်ယောက်နဲ့  တစ်ယောက် ကောင်းကောင်းသိနေကြပြီဖြစ်တဲ့ အတွက် လုပ်ငန်းဆိုင်ရာ အတွေးအခေါ် တွေ၊ ဆုံးဖြတ်ချက်တွေကို သဘောတူတယ် မတူတယ်ဆိုတာကို ပွင့် ပွင့် လင်းလင်း ငြင်းခုံကြပါလိမ့် မယ်။
ပရောဂျက် မန်နေဂျာတွေ အနေနဲ့ ဒီအဆင့် ကို ပါးနပ်စွာသတိထားကိုင်တွယ်သင့် ပါတယ်။ အသင်းသားတွေဟာ သဘောထားကွဲလွဲမှူတွေ နဲ့ အမြစ်တွယ် မနေပဲ၊ လုပ်ငန်းတာဝန်တွေကို ရှေ့ ဆက်နိုင်အောင် လမ်းပြဦးဆောင်ရပါတယ်။
Tuckman ရဲ့ အဆိုအရတော့ အသင်းတစ်သင်းဟာ Storming အဆင့် ကိုမဖြစ်မနေဖြတ်သန်းတွေ့ ကြုံဖို့  လိုပါတယ်။ဒါမှလည်း တစ်ဦးနဲ့ တစ်ဦးဆီကနေ သီးခံနိုင်ခြင်း၊ နားလည်ခြင်း၊ စတဲ့ အဖိုးတန်တဲ့ အတွေ့ အကြုံတွေကို သင်ခန်းစာယူနိုင်ကြပါလိမ့် မယ်။
၃။ ပုံမှန်ဖြစ်ခြင်းအဆင့် (Norming)
ဒီအဆင့် မှာကတော့ တစ်ဦးနဲ့ တစ်ဦး လိုက်လျောကူညီတဲ့ အဆင့် ပါ။ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသွားကြပြီဖြစ်တဲ့ အတွက် တတ်နိုင်သမျှ သဘောထားကွဲလွဲမှူပြဿနာတွေမဖြစ်အောင် ရှောင်ကြပြီး အလုပ်တာဝန်တွေပြီးဖို့ အတွက်ကိုသာ ပိုပြီးကြိုးစားပါလိမ့် မယ်။ သဘောထားကွဲလွဲမှူတွေ ရှိနိုင်သေးပေမယ့် အများစုရဲ့  ဆန္ဒအတိုင်း လိုက်နာဆောင်ရွက်ပါလိမ့် မယ်။
၎။ ပြုလုပ်ဆောင်ရွက်နိုင်ခြင်း အဆင့် (Performing)
ဒီအဆင့် ကတော့ အကောင်းဆုံးအဆင့် ပါ။ အသင်းသား အားလုံး ဟာမိမိတို့ ရဲ့ အလုပ်တာဝန်တွေကို အောင်အောင်မြင်မြင် လုပ်နိုင်နေကြပြီး၊ တစ်သင်းလုံး အနေနဲ့ ဆောင်ရွက်ချက်ဟာ အထွတ်အထိပ်ကိုရောက်နေပါပြီ။ တစ်ဦးနဲ့  တစ်ဦးဆက်ဆံရေးကလည်း အသားကျနေပြီး အပြန်အလှန် ထိမ်းကျောင်းကာ ညှိုနှိုင်းဆောင်ရွက်နေကြပြီ။
၅။ ပြီးဆုံးရပ်နားခြင်းအဆင့် (Adjourning)
ဒီအဆင့် ကိုတော့ ၁၉၇၇ ခုနှစ်ကျမှ Tuckman ကထပ်ထည့် လိုက်တာပါ။ ပြီးဆုံးရပ်နားခြင်း အဆင့် လို့ ခေါ်ပါတယ်။
လုပ်ငန်း တာဝန်တွေ ပြီးဆုံးတဲ့အတွက် အသင်းသားတွေ အားလုံး ခွဲခွာရမယ့် အခြေအနေပါ။ ဒီအချိန်မှာတော့  ပရောဂျက် မန်နေဂျာတွေဟာ လုပ်ငန်းတာဝန်တွေပြီးဆုံးမှူ အောင်ပွဲကို အသင်းသားတွေနဲ့ အတူ ကျင်းပဆင်နွှဲသင့်  ပါတယ်။ ဒါ့  အပြင် မိမိတို့ အတူအကွ လုပ်ခဲ့ တဲ့  အတွေ့ အကြုံ တွေကိုလည်း ပြန်လည်ဝေဖန် သုံးသပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့  အသင်းသား အချင်းချင်း တစ်ဦးနဲ့ တစ်ဦး နုတ်ဆက်ကြပြီး၊ စိတ်မကောင်းစွာနဲ့ ခွဲခွာကြရတဲ့ အဆင့် ပါ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment