Thursday, 16 June 2016

ပရောဂျက် အစီရင်ခံစာ အမျိုးအစားများ (Types of Project Reports)


ကုမ္ပဏီအများစုတို့ တွင် ပရောဂျက်မန်နေဂျာတို့ သည် မိမိတာဝန်ယူ လုပ်ကိုင်နေသော ပရောဂျက်များ၏ အခြေအနေကို သက်ဆိုင်ရာ အရေးပါသူများထံ ပရောဂျက် အစီရင်ခံစာများ (Project Reports) ဖြင့်  အပတ်စဉ်၊ ၂ ပါတ်တစ်ခါ၊ လစဉ် စသည်ဖြင့်  မှတ်တမ်းတင်ကာ သတင်းပို့ ကြရသည်။ ထိုသို့ Reports များ ပြင်ဆင်ရခြင်း သည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။ ပရောဂျက် အချက်အလက်စုစည်းရခြင်း၊ ရရှိလာသော အချက်များကို သက်ဆိုင်ရာအရေးပါသူများထံ မပို့ ခင် မှန်မမှန် စီစစ်ရခြင်း၊ အရေးတကြီး လုပ်စရာများအတွက် ကြိုတင်စီစဉ်ရခြင်း၊ စသည့် ဖြင့် များစွာ အချိန်ပေးရပါသည်။ 

ထိုမျှမက ပရောဂျက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အရေးပါသူများ သိချင်သော၊ သိသင့် သိထိုက်သော အချက်အလက်များ၊ စနစ်တကျပါဝင်မှူကိုလည်း အထူးဂရုပြုရပါသည်။ ပရောဂျက်မန်နေဂျာများ အနေဖြင့် ထိုကဲ့ သို့  အရေးပါသည့် အချက်များ အားလုံးပါဝင်ပြီး ၊ နည်းစနစ်တကျဖြင့်  ပြီးစီးနိုင်စေရန် အောက်ပါ အစီရင်ခံစာ (Report) အမျိုးအစားများကို အသုံးပြုရန် အကြံပြု လိုပါသည်။
ပရောဂျက် အခြေအနေပြ အစီရင်ခံစာ (Project Status Report)
ပေးထားတဲ့ နာမည်အတိုင်း ပရောဂျက်ရဲ့ အခြေအနေကိုသိရှိရန်အတွက် အသုံးပြုနိုင်ပါတယ်။ အလယ်အလတ်အဆင့် အသေးစိတ်တင်ပြချက်များပါဝင်ပါတယ်။ ဆိုလိုသည်မှာ ယခုလက်ရှိ ပရောဂျက်ရဲ့  အနေအထားနဲ့ ပတ်သက်တဲ့ အောက်က မေးခွန်းမျိုးတွေ အတွက် ရှင်းလင်းတဲ့ တင်ပြချက်တွေ ပါသင့် ပါတယ်။
၁။ အခုလက်ရှိ ပရောဂျက်ရဲ့ ၊ တိုးတက်မှူဟာ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း လမ်းကြောင်းပေါ်မှာပဲလား?
၂။ နောက်ထပ် ဘယ်လို အစီအစဉ်တွေ နဲ့ ဘယ်လိုလုပ်ဆောင်ချက်တွေ ပြင်ဆင်ထားသလဲ?
၃။ ပရောဂျက် အောင်အောင်မြင်မြင်ပြီးဖို့ ဘယ်လို အခက်အခဲတွေ ရှိနေလဲ၊ သို့ မဟုတ် ရှိလာနိုင်သလဲ?
၎။ သတ်မှတ်ထားတဲ့ အချိန်အလိုက် တိုးတက်မှူ စံနှူန်းစံထား ကိန်းဂဏန်းတွေအတိုင်း၊ ပြီးစီးမှူ ရှိရဲ့ လား?

ဖြစ်ပေါ်ကြုံတွေ့ လာနိုင်သော ပရောဂျက် ပြဿနာများ စုစည်းမှူ မှတ်တမ်း (Project Risk Register)
ထိုမှတ်တမ်းသည်လည်း အလွန်ရေးပါသော အစီရင်ခံစာ တစ်မျိုးဖြစ်သည်။ ဖြစ်နိုင်ချေရှိသော အခက်အခဲ ပြဿနာများသည် ပရောဂျက်များကို နောက်ကွယ်မှနေ၍ အောင်မြင်မှူလမ်းကြောင်းပေါ်မှ တွန်းချရန် အမြဲစောင့်  ဆိုင်းနေလေ့ရှိသည်။ဖော်ပြပါ မှတ်တမ်းသည် ထိုအန္တရာယ်များ၏ ဖြစ်နိုင်ချေကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဒုက္ခပေးနိုင်သည့် ဆိုးကျိုးအဆင့် ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားကာ ဖြစ်လာပါကဖြေရှင်းရန် နည်းလမ်းအဖြေများကိုလည်း စဉ်းစားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိုမှတ်တမ်းကို အခြေအနေပြအစီရင်ခံစာ (Status Report) တွင် နောက်ဆက် တွဲအနေဖြင့်  အတူဖော်ပြနိုင်ပါသည်။ ဥပမာအားဖြင့် ကြုံတွေ့ နိုင်သော ပြဿနာ အရေအတွက် လက်ရှိအချိန်တွင် မည်မျှရှိသည်။ ဘယ်နှစ်ခု ရှင်းလင်းပြီးပြီ၊ ဘယ်နှစ်ခု ရှင်းလင်းရန်ကျန် စသဖြင့်  အရေးပါသူများ သိရှိရန် တင်ပြနိုင်ပေသည်။

လက်ရှိကြုံတွေ့ နေရသော အခက်အခဲ စုစည်းမှူ မှတ်တမ်း (Issue Log)
ကြိုတင်ခန့် မှန်းထားတဲ့အတိုင်း တကယ်ဖြစ်လာတဲ့ ပြဿနာတွေ သို့ မဟုတ် မမျှော်လင့်  ပဲ ဖြစ်လာတဲ့ ပြဿနာ အခက်အခဲတွေကို စုစည်းထားတာဖြစ်ပါတယ်။ ဒီမှတ်တမ်းမှာ ပြဿနာတွေရဲ့  အရေးပေါ်ဖြေရှင်းရန် လိုအပ်မှူအပေါ် မူတည်ပြီး အဆင့် သတ်မှတ်ပါတယ်။ ပြဿနာအဆင့် အလိုက် လုပ်ငန်းတွေလုံးဝ ရပ်ဆိုင်းရမဲ့ အဆင့် မှစ၍ လိုအပ်ချက် နဲနဲဖြင့် ဖြေရှင်းလို့ ရ နိုင်တဲ့  အဆင့် ထိအမျိုးစုံ ပါဝင်ပါတယ်။ ဒါ့ အပြင် ဘယ်အချိန်မှာ ဘယ်ပြဿနာကို အပြီးသတ် ဖြေရှင်းရမယ် စသည့်  စီစဉ် ထားမှူတွေ ပါဝင်ပါတယ်။ ဒါကြောင့်  ဒီမှတ်တမ်းကို ပရောဂျက် အသင်းတစ်ခု လုံးရဲ့  ဦးတည်ချက် အဖြစ်အသုံးပြုပြီး ပရောဂျက်ကို ဒုက္ခတွင်းထဲမှ လမ်းကြောင်းပေါ်ပြန်ရောက်လာအောင် စွမ်းဆောင်နိုင်ပါတယ်။

အလုပ်အမှူဆောင် အစီရင်ခံစာ အကျဉ်းချုပ် (Executive Summary)
ဒီအစီရင်ခံစာကတော့ အထက်ကပြောခဲ့ တဲ့ ပာာတွေနဲ့  နဲနဲကွဲပြားပါတယ်။ အစီရင်ခံစာကို အရမ်းအလုပ်များပြီး အချိန်နဲနဲပဲရတဲ့  ဒါရိုက်တာ အဆင့် ထိပ်တန်း အရေးပါသူတွေ ဖတ်မှာဖြစ်တဲ့ အတွက် ရေးနည်းရေးဟန် လိုတိုရှင်းဖြစ်ဖို့ လိုပြီး ပရောဂျက် အခြေအနေကို တိတိကျကျ ခြုံငုံပြီး သုံးသပ်တင်ပြနိုင်ရပါမယ်။ အစီရင်ခံစာကို ဖတ်လိုက်တာနဲ့  ပရောဂျက်ဟာ ကုမ္ပဏီက မျှော်လင့် ထားတဲ့ အတိုင်းဖြစ်လာရဲ့ လား။ ပရောဂျက်ရဲ့  တိုးတက်နေမှူရလာဒ် ပာာ ကုမ္ပဏီရဲ့ အနာဂါတ် စီးပွားရေး မဟာဗျူဟာကိုရော အထောက်အပံ့ ဖြစ်ရဲ့ လား၊ စတဲ့  အချက်တွေကို ထင်သာမြင်သာရှိစေရပါမယ်။ တင်ပြတဲ့ အချက်အလက်အားလုံးဟာ မှန်ကန်တိကျပြီး ဦးတည်ချက်ရှင်းလင်းရပါမယ်။ ထိပ်တန်းအရာရှိတို့ သည် အတွေ့ အကြုံရှိသူများပီပီ ပရောဂျက်များသည် အစီအစဉ်အတိုင်း ဖြစ်မလာနိုင်သည်ကို သဘောပေါက်ကြသည်။ 

ထို့ ကြောင့် အဖြစ်မှန်အတိုင်း ဖော်ပြဖို့ လိုသည်။ သူတို့  ပို၍ စိတ်ဝင်စားသည်မှာ ထိုအခက်အခဲ အနေအထားမှ ကောင်းမွန်သည့် အနေအထား သို့  ပြန်လည်ရောက်ရှိအောင် မည်သို့  အစီအစဉ်ရှိသည်ကိုသာဖြစ်ပါသည်။ 

အချုပ်အားဖြင့် ဆိုလျှင် အထက်တွင် ဖော်ပြခဲ့ သော အစီရင်ခံစာ များသည် အခြေခံအားဖြင့် ထိရောက်မှူ ရှိလှပေသည်။ မည်သည့်  အစီရင်ခံစာ သည် ပရောဂျက် အတွက် သင့် တော်သည်ကိုတော့  ပရောဂျက်မန်နေဂျာများ အနေဖြင့်  မိမိ ပရောဂျက်၏ လိုအပ်မှူ၊ အပေါ်မူတည်၍ ချင့် ချိန်ဆုံးဖြတ်ရပေမည်။ အရေးအကြီးဆုံး အနေဖြင့် မိမိတို့  တင်ပြသော ပရောဂျက် အစီရင်ခံစာများ သည် ပြင်ဆင်ရန် လွယ်ကူပြီး အချိန်တိုတိုဖြင့်  ပြီးစီးနိုင်ရပေမည်။ သို့ မှသာ ပရောဂျက် မန်နေဂျာများသည် မလိုလားအပ်ဘဲ အချိန်ကုန်ခြင်းများကိုလျော့ ချနိုင်မည်ဖြစ်ပေသည်။

No comments:

Post a Comment