Thursday, 16 June 2016
ပရောဂျက်ဘတ်ဂျက်တွက်ချက်ခြင်း (အပိုင်း-၂)
အပိုင်း-၁ မှာဖော်ပြခဲ့ တဲ့  top-down နဲ့ bottom-up စဉ်းစားနည်းတွေအပြင် အခြားသုံးလေ့ရှိတဲ့  ဘတ်ဂျက်တွက်ချက် နည်းတွေ ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
၁။ ကျွမ်းကျင်သူများဖြင့် ခန့် မှန်းသုံးသပ်ခြင်း (Expert Judgement)
၂။ ကုန်ပစ္စည်းရောင်းသူ သို့ မဟုတ် ဝန်ဆောင်မှူပေးသူများ ၏ ဈေးပြိုင်ပေးမှူ ကို ပိုင်းခြားလေ့လာခြင်း (Suppliers’ Bid Analysis)
၃။ ဆင်တူကိုးကား၍ ခန့် မှန်းခြင်း (Analogous Estimating)
၎။ ဖြစ်နိုင်ချေ ၃ ခု နှင့် ခန့် မှန်းနည်း (Three-Point Estimating)
၅။ အချက်အလက်ဆက်နွယ်မှူဖြင့် ခန့် မှန်းခြင်း (Parametric Estimating)
၁။ ကျွမ်းကျင်သူများဖြင့် ခန့် မှန်းသုံးသပ်ခြင်း (Expert Judgement)
ဒီနည်းလမ်းကတော့ ဘတ်ဂျက်ကိုတွက်ချက်ရာမှာ၊ လုပ်ငန်းနဲ့ ပတ်သက်ပြီး အတွေ့ အကြုံရှိပြီး ကျွမ်းကျင်တဲ့ သူတွေကို ပရောဂျက် ကုန်ကျစရိတ်ကို ခန့် မှန်းသုံးသပ် ခိုင်းတာဖြစ်ပါတယ်။
ဒီလိုအသုံးပြုခြင်းရဲ့ အားသာချက်ကတော့  ကျွမ်းကျင်သူများသည် အတွေ့ အကြုံရှိသူများဖြစ်သဖြင့်  ပရောဂျက်နှင့်  ပတ်သက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ (Activities/tasks) အပြင်၊ အရင်က တွေ့  ကြုံခဲ့ ဖူးသော အခက်အခဲများကို ထည့် သွင်းစဉ်းစားနိုင်ခြင်းပင်ဖြစ်ပါသည်။ ဤကဲ့ သို့  ဖြစ်နိုင်ချေရှိသော ပြဿနာများအား ကြိုတင်စဉ်းစားနိုင်ခြင်းသည် ပရောဂျက်တစ်ခုလုံး အတွက် အလွန် အကျိုးကျေးဇူး များလှပေသည်။
၂။ ကုန်ပစ္စည်းရောင်းသူ သို့ မဟုတ် ဝန်ဆောင်မှူပေးသူများ ၏ ဈေးပြိုင်ပေးမှူကို ပိုင်းခြားလေ့လာခြင်း (Suppliers’ Bid Analysis)
ဤကဲ့ သို့ ဈေးပြိုင်စနစ်ကို အသုံးပြုခြင်းဖြင့်  မိမိ ပရောဂျက်အတွက် လျာထားသတ်မှတ် ထားသော ဘတ်ဂျက်ဈေးနှူန်းရောက်သည်အထိ ထိုသူတို့ ၏ရောင်းဈေးကို ညှိယူနိုင်ပါလိမ့် မည်။
၃။ ဆင်တူကိုးကား၍ ခန့် မှန်းခြင်း (Analogous Estimating)
ဒီနည်းလမ်းကတော့  ပရောဂျက်ဘတ်ဂျက်ကို အရင်က ဆင်တူလုပ်ဖူးထားသော ပရောဂျက်များ မှ မှီငြမ်း တွက်ချက်ခြင်းဖြစ်ပါသည်။ များသောအားဖြင့် မိမိလုပ်ဆောင်တော့ မည့် ပရောဂျက်နှင့်  ပတ်သက်၍ သတင်းအချက်အလက် အနည်းအကျဉ်းသာရှိပါက သုံးလေ့ရှိသည်။ ဥပမာအားဖြင့်  ပြီးခဲ့ သည့်  လအနည်းငယ်က ဝက်ဘ်ဆိုက် တစ်ခု ထောင်ရန် ဒေါ်လာ ၇၀၀၀ ကုန်ကျခဲ့  သည်ဆိုပါစို့ ။ အခု အလားတူ ဝက်ဘ်ဆိုက် တစ်ခုကို ထပ်ပြီးထောင်ရမည်ဆိုပါက ကုန်ကျစရိတ်ကို ၇၀၀၀ ဟုသာ ခန့်  မှန်းလိုက်ခြင်းဖြစ်ပါသည်။
၎။ ဖြစ်နိုင်ချေ ၃ ခု နှင့် ခန့် မှန်းနည်း (Three-Point Estimating)
ဒီနည်းကတော့ တော်တော်အသုံများပါတယ်။ ဖြစ်နိုင်ချေ ၃ ခု ကို အရင်စဉ်းစားပါတယ်။ အဖြစ်နိုင်ဆုံးအဖြေအနေ (O = Optimistic) ၊ အလယ်အလတ်အခြေအနေ (M = Most Likely) နဲ့  ဖြစ်နိုင်ချေအနည်းဆုံး (P = Pessimistic) အခြေအနေတို့ ပဲဖြစ်ပါတယ်။ အဲ့ ဒီနောက် သက်ဆိုင်ရာတန်ဖိုး ၃ ခုကိုပေါင်းပြီး ပျမ်းမျှ တန်ဖိုး ရစေရန် ၃ ဖြင့် စားခြင်းဖြစ်ပါသည်။
ပုံသေနည်း [Expected value = (P+M+O)/3]
အလားတူသုံးနိုင်တဲ့ နောက်ထပ်တစ်နည်းကတော့ PERT (Program Evaluation and Review Technique) လို့ ခေါ်ပါတယ်။ သူကတော့ သာမန်ပျမ်းမျှတင်မဟုတ်ဘဲ Beta Distribution လို့ ခေါ်တဲ့  သင်္ချာပုံသေနည်း ကို သုံးပါတယ်။ [Expected value = (P+4M+O)/6]
၂ ခုစလုံးကြိုက်ရာကို အသုံးပြုနိုင်ပါတယ်။
၅။ အချက်အလက်ဆက်နွယ်မှူဖြင့် ခန့် မှန်းခြင်း (Parametric Estimating)
ဒီနည်းကတော့ ပရောဂျက် တစ်ခုမှာပါဝင်တဲ့  အချက်အလက်ဆိုင်ရာ ဆက်နွယ်မှူကိန်းဂဏန်း (Variables) တွေကို အခြေခံပြီး ခန့်  မှန်းခြင်းဖြစ်ပါတယ်။ သူကလဲ အရင်တုန်းက လုပ်ခဲ့ တဲ့ သက်ဆိုင်ရာ အချက်အလက်တွေကိုတော့ (Historical Records) ပြန်လည်မှီငြမ်းပါတယ်။
ဤနည်းလမ်းဖြင့် ခန့်  မှန်းခြင်းမှာတော့ အဆတိုးကာ စဉ်းစားလို့ ရသော (Scalable) တွက်ချက်မှူမျိုးတွေမှာ သုံးလေ့ ရှိပါတယ်။ ဥမမာအနေဖြင့် လူတစ်ဦးသည် မြက်တစ်ဧက ရိတ်ရန် ၂ နာရီကြာ သည်ဆိုပါစို့ ။ ၄ ဧကရိတ်မည် ဆိုပါက ၈နာရီ ကြာပေလိမ့် မည်။
အခုထိဆိုရင်ဖြင့် ဘတ်ဂျက် တွက်ချက်နည်းများတော်တော် စုံစုံလင်လင်ရှိပါပြီ။ စာဖတ်သူများအနေဖြင့် လည်း ရှင်းပြခဲ့ တဲ့  ခန့် မှန်းတွက်ချက် နည်းတွေထဲက မိမိပရောဂျက် အခြေအနေဖြင့် သင့် တော်ရာကို အသုံးပြုနိုင်ကြပါသည်။
ဘတ်ဂျက်နှင့် ပတ်သက်၍ ဆက်ပါဦးမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment