Thursday, 16 June 2016

ပရောဂျက် မန်နေဂျာများအတွက် ထိရောက် အကျိုးရှိ သော စကားပြောနည်း နည်းဗျူဟာများ


ယနေ့ ခေတ် လူ့ အဖွဲ့ အစည်းသည် အဆက်မပြတ် လျှင်မြန်စွာ တိုးတက် ပြောင်းလဲလျက်ရှိသည်။ ထိုကဲ့သို့  လူမှူဘဝ တိုးတက် ပြောင်းလဲခြင်း နှင့် အညီ၊ သတင်း အချက်အလက်များ ၊ စိတ်ဝင်စားစရာများ ၊ နေရာများ၊ ပြောစရာအကြောင်းများ၊ ရည်မှန်းချက်များ၊ ဖြင့် တစ်နေ့ တာ လုပ်ဆောင်စရာများမှာ များပြားလှပေသည်။ ထိုလုပ်ဆောင်စရာများပြားမှူတို့ သည် လူတို့ ၏ နေ့ စဉ်ဘဝ လုပ်ငန်းတာဝန်များအပေါ် အာရုံစူးစိုက်နိုင်မှူကို စိန်ခေါ်လျက်ရှိပေသည်။ ထို့ ကြောင့် လူအများစုတို့ သည် အချိန်တိုင်းလိုလို ကိုယ့် အာရုံဖြင့် ကိုယ် ၊ အာရုံများ နေလေ့  ရှိပြီး လုပ်ငန်းခွင်အတွင်း လူအချင်းချင်း ပြောဆိုဆက်ဆံ ရာတွင် မိမိတို့ ၏ အထက်အရာရှိများ ၊ လုပ်ဖော်ကိုင်ဖက် များ စကားပြောသည်ကို သေချာစွာ အလေးထား၍ နားထောင်မှူ နဲပါးလာကြသည်။ ထိုအပြုအမှူ အခြင်းအရာတို့ သည် လုပ်ငန်းခွင် စီမံခန့် ခွဲသူတို့ အတွက် နေ့ စဉ်ကြုံတွေ့ လာရသော ဆိုးရွားမှူတစ်ခုပင်ဖြစ်သည်။
ဥပမာအားဖြင့်  ပရောဂျက်မန်နေဂျာတစ်ယောက်သည်၊ အစည်းအဝေးတစ်ခု ကိုဦးဆောင် ဆွေးနွေးနေသည်ဆိုပါစို့ ။ လုပ်ဖော်ကိုင်ဖက် ပရောဂျက် အသင်းသားတို့ သည် အစည်းအဝေးတွင်း ထိုင်ခုံတွင်ထိုင်ကာ မန်နေဂျာ ပြောနေသည်ကို နားထောင်နေသော်လည်း၊ စိတ်ထဲတွင်မူ သူတို့ ညကသွားခဲ့ သော ပါတီအကြောင်း သို့ မဟုတ် သူတို့ ပို့ စရာ အီးမေးလ် အကြောင်း သို့ မဟုတ် သူတို့  ဖုန်းကိုသုံးပြီး တစ်စုံတစ်ယောက်ထံ မက်ဆေ့ ခ်ျ ပင် ၊ ပို့  ကောင်းပို့  နေကြလိမ့် မည်။ လူကိုယ်တိုင် ရှိနေသော်လည်း စိတ်က တခြားဆီသို့ ရောက်နေနိုင်ပေသည်။ ဆွေးနွေးသည့် အချက်များကို မှတ်သားထားဖို့ နေနေသာသာ၊ သေသေချာချာ နားထောင်ချင်မှ နားထောင်လိမ့် မည်။ ထိုကဲ့ သို့  အခြေအနေတွင် သူတို့ ထံမှအာရုံစူးစိုက်မှူကို မရပါက ပြောသူသာမောပြီး အကျိုးမရှိဖြစ်လိမ့် မည်။
ထိုအဖြစ်အပျက်မျိုးကို ရှောင်ရှားနိုင်ရန် ပရောဂျက်မန်နေဂျာများသည် ထိရောက်သော စကားပြောခြင်း အတတ်ကို ကျွမ်းကျင်ရန် များစွာ အရေးကြီးပေသည်။ ထိုအတွက် အခြေခံ အရေးအကြီးဆုံး အချက်မှာ ပါဝင်သူအားလုံးသည် မိမိပြောဆိုသောအကြောင်းအရာအား စိတ်ပါဝင်စားအောင်လုပ်နိုင်ရမည်ဖြစ်သည်။ထိုသူတို့  အတွက်လည်း စိတ်ပါဝင်စားစရာ အကြောင်းအရာလည်း ၊ ဖြစ်စေရမည်။
ထိရောက်ပြီး အကျိုးရှိသော ပြောဆိုဆက်ဆံမှူ မစတင်မှီ၊ ပါဝင်သူအားလုံး၏ စိတ်ကို ရှင်းလင်းပေးရန်လိုအပ်သည်။သို့ မှသာ နားထောင်သူ ပရိသတ်တို့  သည်ပြောလိုသော အကြောင်းအရာထံ အာရုံစိုက်လာကြမည်ဖြစ်သည်။ မည်သို့ လုပ်ရမည်နည်း၊ အချက်အလက်များစွာ မဆွေးနွေးမှီ၊ သူတို့ စိတ်အာရုံအား ဆွဲခေါ်နိုင်မည့်  အကြောင်းအရာအသစ်တစ်ခုဖြင့် စတင်ရန်၊ လိုအပ်သည်။
အကြောင်းအရာများကို ပုံပြင်ပြောသလို ပြောခြင်းသည် နားထောင်သူပရိသတ်၏ အာရုံကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ သို့ သော် စိတ်ဝင်စားစရာ ဖြစ်ဖို့ ၊ ပြောဖို့ တော့ လိုသည်။ သုတေသနသမားများ၏ အဆိုအရ လူတို့  သည်အောက်ပါ အချက်အလက် ၃ ခုပါသော အကြောင်းအရာတွင် စိတ်ဝင်စားလေ့ ရှိသည်။
ပထမဆုံးအချက်အနေဖြင့် ပြောဆိုသော အချက်များသည် နားထောင်သူတို့ နှင့် သက်ဆိုင်ရမည်။ အကြောင်းအရာသည် ပရိသတ် အရေးစိုက်သည့် အရာဖြစ်ရမည်။ ဆိုလိုသည်မှာ ပရိသတ်ဘာကိုနားထောင်ချင်သလဲ၊ ဘယ်လိုအကြောင်းအရာကိုကြိုက်သလဲ သိနိုင်ရပါမယ်။ မန်နေဂျာအများစုလုပ်လေ့ ရှိသည့် ၊ ဒီအစည်းအဝေးဘာကြောင့် လုပ်တယ်၊ ကုမ္ပဏီအတွင်းမှာ ဘာတွေဖြစ်နေတယ် ဆိုတဲ့ အပြောမျိုးတွေနဲ့ မစတင်ပါနဲ့ ။ ဒါ့ ကြောင့် ပထမအချက် အနေနဲ့  ပရောဂျက် အသင်းသားတွေ၊ အစည်းအဝေးတက်သူတွေရဲ့ စိတ်ထဲမှာ စိတ်ဝင်တစားဖြစ်နိုင်တဲ့ အကြောင်းအရာနဲ့ စတင်ပါ။
လူအများစုသည် မိမိမျှော်လင့်မထားသော အကြောင်းအရာများကို ပို၍စိတ်ဝင်စားလေ့ရှိသည်။ အကယ်၍ ပြောဆိုချင်သော အကြောင်းအရာသည် အများသိပြီးသားဖြစ်ပါက ပရိသတ်စိတ်ပါဝင်စားမှူကို ရမည်မဟုတ်တော့ ပေ။ နားထောင်သူတို့ စိတ်သည် ထိုအကြောင်းအရာပြောလို့ ပြီးသည့် တိုင် တခြားနေရာများသို့ သာ အာရုံရောက်နေဆဲဖြစ်လိမ့် မည်။ ပြောမည့် အကြောင်းအရာတွင် အံ့ သြစရာပါမှသာ “ ဟာ! ဒီအကြောင်းမသိသေးပါလား?” ကဲ့ သို့ သော တုံ့ ပြန်မှူကို ရနိုင်မည်။ ထို့ ကြောင့် ဒုတိယအချက် အနေဖြင့် အများ အံ့  သြစရာ၊ မမျှော်လင့် သော အကြောင်းအရာပါအောင် ပြောပါ။
လူ့ သဘောစရိုက်သည် အပျက်သဘော အကြောင်းအရာတို့ ကို ပို၍စိတ်ဝင်စားလေ့ရှိသည်။ အပြုသဘော အကြောင်းအရာများသည် လူတို့ အား စိတ်ဓာတ်ခွန်အား ပေးသည်မှာမှန်သော်လည်း၊ အပျက်သဘော အကြောင်းအရာတို့ သည် အများအာရုံစိုက်မှူကို၊ ပို၍ရတတ်သည်။ အဘယ်ကြောင့် ဆိုသော် လူသားတို့ သည် ခေတ်အဆက်ဆက်ကတည်းက အသက်ရှင်ကျန်ရစ်နေရန် အမြဲရုန်းကန်နေရသော မျိုးစုဖြစ်ပြီး ဖြစ်နိုင်ချေ အန္တရာယ်များကို ဗီဇစိတ် အရ အမြဲဂရုပြုရှောင်ရှား လေ့ရှိသည်။ ထို့ ကြောင့် အပျက်သဘောဆန်သော လေသံဖြင့် အကြောင်းအရာများကို ဆွေးနွေးခြင်းမျိုးသည် နားထောင်သူများကို သူတို့ အား၊ အာရုံထွေပြားမှူမှ နိုးထပြီး ပြောဆိုနေသောအကြောင်းအရာဆီသို့  ပြန်ခေါ်နိုင်စွမ်းရှိသည်။ တတိယအချက်အနေဖြင့် လိုအပ်ပါက ဆွေးနွေးမှူတွင် အပျက်သဘောပါသော အကြောင်းအရာလည်းပါဝင်ပါစေ။
ပြောသောအကြောင်းအရာ နှင့် နားထောင်သူ ပရိသတ်များ တစ်ထပ်တည်းကျရန် အထူးလိုအပ်ပါသည်။ ဒါကြောင့်  အလွယ်ကူဆုံး ပရိသတ်၊ အာရုံ စူးစိုက်မှူကို ရစေမယ့် နည်းလမ်းကတော့ နားထောင်သူတို့ ၏ အခက်အခဲများအကြောင်းပြောခြင်းဖြင့်  စတင်ခြင်းဖြစ်သည်။ သူတို့ ညဖက်အိပ်မပျော်အောင် စိုးရိမ်စေသည့်  အကြောင်းအရာများဖြင့် ဆွေးနွေးမှူစတင်ပြီး ထိုအကြောင်းများကိုလည်း ပြီပြီပြင်ပြင်မမျှော်လင့် ထားသောပုံစံဖြင့်  အပျက်သဘောဆန်ဆန် ပြောမည်ဆိုပါက ထိုပရိသတ်သည် ပြောနေသောအကြောင်းအရာတွင် သာမန် စိတ်ဝင်စားရုံတင် မဟုတ်ဘဲ ရာနှူန်းပြည့် လုံးဝ အာရုံစူးစိုက်အောင် ဖမ်းစားထားနိုင်လိမ့် မည်။ ထိုအခြေအနေရောက်ပြီဆိုပါက သင်ပြောလိုသော အကြောင်းအရာ လုပ်ငန်းတာဝန်များကို တစိုက်မတ်မတ် ပုံဖော်ပြောဆို နိုင်ပါပြီ။ နားထောင်ရုံတင်မကဘဲ သူတို့ သေသေချာချာမှတ်သားကာ ဆက်လက်လုပ်ဆောင်ပါလိမ့်  မည်။
ဒီနည်းစနစ်ဟာ အောက်ဖော်ပြပါ တခြားအခြေအနေမျိုးတွေ မှာလည်း သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် သင်သည် နားထောင်သူ ပရိသတ်နှင့် စိမ်းနေသည် ဆိုပါစို့ ။ ပရိသတ်၏ စိတ်တွင် ၊ ဆွေးနွေးမည့် သူသည် ဘယ်သူဘယ်ဝါ ဖြစ်သည်၊ သို့ မဟုတ် ဘယ်လိုအကြောင်းတွေလာပြီးဆွေးနွေးသည် အစရှိသည့် အတွေးများရှိနေကြလိမ့် မည်။ အဲ့ဒီလို အခြေအနေမျိုးတွင် သင်သည် နားထောင်သူတို့ ၏ စိတ်ဝင်စားမှူ ရစေရန် မိမိကိုယ်မိမိ မိတ်ဆက်ပြီးသည်နှင့်  မိမိသည် လူမှူဘဝတွင် မည်သို့ အခက်အခဲရှိကြောင်း ထိုအခက်အခဲများကို မည်သို့ တုံ့  ပြန်ကြောင်းဖြင့်  စတင်ပါ။
ဒီလိုစတင်ခြင်းဖြင့် ပြောဆိုနေသူသည် မိမိ၏အားနည်းချက်အားသာချက် လူမှူဘဝ တစိတ်တပိုင်းကို ရိုးသားစွာ မျှဝေနိုင်ပေသည်။ ပြောဆိုသော အကြောင်းအရာသည်လည်း၊ အရမ်းအသေးစိတ်မဟုတ်ဘဲ ထိထိမိမိခြုံငုံကာ ပြောဆိုမှူမျိုးဖြစ်ရမည်။ နားထောင်သူပရိသတ် အသင်းသားများ စိတ်ထဲတွင် မန်နေဂျာတစ်ယောက်ဖြင့် သာ မြင်နေမည်မဟုတ်ဘဲ ပို၍ရင်းနှီးခင်မင်ဖွယ်ရာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အဖြစ်မြင်လာလိမ့် မည်။ ထို့ အပြင် နားထောင်သူတို့ စိတ်တွင်လည်း လူ့ သဘာဝအတိုင်း “ အင်း! သူပြောနေတဲ့ အကြောင်းအရာ၊ အခက်အခဲတွေဟာ ငါတို့  လူမှူဘဝမှာလည်း ကြုံတွေ့ နေတာပဲ၊ သို့ မဟုတ် ကြုံတွေ့ နိုင်တာပဲ” အစရှိသည်ဖြင့် တွေးကာ ပို၍ စိတ်ဝင်တစား အာရုံစိုက် နားထောင်လိမ့် မည်။
သို့ သော် သင်မျှဝေပြောဆိုသော အကြောင်းအရာ သည် တစ်ကယ့် ဖြစ်ရပ်မှန် ဖြစ်ဖို့ တော့ လိုသည်။ အကြောင်းမှာ လူတို့  သဘောသည် စိတ်ဝင်စားစရာ အကြောင်းအရာဖြစ်ပါက တကယ်ဖြစ်ခဲ့ ခြင်း ဟုတ်မဟုတ် ဆက်လက်စူးစမ်းလေ့  ရှိသည်။ တကယ့် အဖြစ်အပျက်မဟုတ်ပါက သင့် အပေါ် ယုံကြည်မှူပျက်ပြားစေနိုင်သည်။ အဘယ်ကြောင့် ဆိုသော် ရိုးသားမှူ၊ အမှန်တရားသည် သာ အပြန်အလှန် ယုံကြည်မှူကိုတည်ဆောက်နိုင်ပြီး ယုံကြည်စိတ်ချရမှူသည် ခေါင်းဆောင်ကောင်းတို့ အတွက် မရှိမဖြစ်လိုအပ်သောအရာပင်ဖြစ်ပေတော့ သည်။

No comments:

Post a Comment