Thursday, 16 June 2016
ယှဉ်တွဲလုပ်ဆောင်ခြင်း (Fast Tracking) နှင့် လူအင်အားဖြည့် တင်းဆောင်ရွက်ခြင်း (Crashing)
ပရောဂျက်မန်နေဂျာများသည် မိမိတာဝန်ယူလုပ်ဆောင်နေသော ပရောဂျက်များ၏ အချိန်ဇယားများကို အပတ်စဉ်တိုင်း ပြန်လည်သုံးသပ်သင့်ပေသည်။ သို့ မှသာ ပရောဂျက်သည် သတ်မှတ်ထားသည့် အတိုင်း တိုးတက်မှူ ရှိသည် မရှိသည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်လိမ့် မည်။ အကယ်၍ ပရောဂျက်သည် နောက်ကျနေပါက ပြန်လည်၍ အချိန်မှီပြီးစီးလာစေရန် လုပ်ဆောင်နိုင်မည့် စီမံခန့် ခွဲမှူ လုပ်ထုံးလုပ်နည်း အချို့ ကို အသုံးချရလိမ့် မည်။
ဥပမာအားဖြင့် ၊ ပရောဂျက် တစ်ခုသည် တော်တော်ဆိုးဆိုးရွားရွား နောက်ကျလာသည်ဟု စဉ်းစားကြည့်ရအောင်။ ပရောဂျက်ကိုပြန်လည် အချိန်မှီလာအောင်လုပ်နိုင်မည့် ရိုးရှင်းလွယ်ကူသော အခြေခံ အချိန်ဇယားလုပ်ထုံးလုပ်နည်းများ (Simple Scheduling Techniques) လည်း အသုံးချ၍ မဖြစ်နိုင်။ ဒါ့ အပြင် ပရောဂျက်ပြီးစီးရမည့်  အချိန်(Project Deadline) သည်ပြောင်းလဲခွင့်  မရှိသည့် အခြေအနေဟုလည်း ယူဆကြည့်ရအောင်။
ထိုအခြေအနေတွင် နောက်ဆုံးပိတ်အနေဖြင့် အသုံးချသင့် သော နည်းစနစ် ၂ မျိုးရှိပါသည်။ ၄င်းတို့ ကို လုပ်ငန်းတာဝန်အလုပ်များကို ယှဉ်တွဲလုပ်ဆောင်ခြင်း (Fast Tracking) နှင့် လူအင်အားဖြည့် တင်းဆောင်ရွက်ခြင်း (Crashing) ဟုခေါ်တွင်ကြပါသည်။ (အောက်တွင်ဆက်လက်ဆွေးနွေးသည့် အခါ လွယ်ကူစေရန်မူရင်း English စကားလုံးများကိုသာ အသုံးပြုကြရအောင်။)
Fast Tracking တွင် လုပ်ငန်းတာဝန်အလုပ်များကို ယခင်က လုပ်ရိုးလုပ်စဉ် အတိုင်း တစ်ခုပြီးမှတစ်ခု လုပ်ရန် အစီအစဉ်မှ ယှဉ်တွဲလုပ်ကိုင်ရန် အနေအထားသို့ ပြောင်းလဲလုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာတစ်ခုဖြင့် သုံးသပ်ကြည့်  ရအောင်။ ဆောက်လုပ်ရေး ပရောဂျက်တစ်ခုတွင် လုပ်ရိုးလုပ်စဉ် အားဖြင့်  ဆောက်လုပ်မှူစတင်ခြင်း (Construction Commecement) သည် ဒီဇိုင်းတွက်ချက်မှူ (Design Calculation) ပြီးစီးမှသာ စတင်လေ့ ရှိသော်လည်း၊ Fast Tracking နည်းစနစ်တွင် ဒီဇိုင်းတွက်ချက်မှူ အလုံးစုံ ၁၀၀% ပြီးစီးသည်အထိ မစောင့် ဘဲ ဒီဇိုင်းတွက်ချက်မှူ ၈၀% ပြီးစီးရုံမျှဖြင့်  ဆောက်လုပ်မှူ ကိုစတင်ခြင်းဖြစ်သည်။ ထိုကဲ့ သို့ သော ယှဉ်တွဲလုပ်ဆောင်ခြင်း သဘောသဘာဝ များ ပါဝင်မှူကြောင့်  Fast Tracking သည် အရဲစွန့် ရမှူ (Risk) များဖြင့် တွေ့ ကြုံရနိုင်ပြီး လုပ်ပြီးသားအလုပ်များကို ပြန်လည်လုပ်ဆောင်ရခြင်း (Rework) အခြေအနေများလည်း ဖြစ်ပေါ်လာနိုင်သည်။ ဆိုလိုသည်မှာ အထက်ဖော်ပြပါဒီဇိုင်းနှင့် ဆောက်လုပ်ခြင်းယှဉ်တွဲလုပ်ဆောင် နေစဉ်အတွင်း နောက်ဆုံးအဆင့် ဒီဇိုင်းပြောင်းလဲမှူ အချို့ ဖြစ်လာပါက ဆောက်လုပ်ပြီးသားအချို့  အလုပ်များကို ပြန်ပြင်ရနိုင်ပေသည်။
လေ့လာမှူများအရ ပရောဂျက် အချိန်ဇယားတစ်ခုတွင် တစ်ခုပြီးမှတစ်ခုလုပ်ရန် လုပ်ငန်းတာဝန်များ (Sequential Activities) ကို ၊ ယှဉ်တွဲလုပ်ဆောင်နိုင်သော လုပ်ငန်းတာဝန်များ (Fast Tracked Activities) အဖြစ် ၃၃% အထိပြောင်းလဲ လုပ်ကိုင်နိုင်ကြပါသည်။ တစ်နည်းအားဖြင့်  ဆိုရသော် ပထမအလုပ်တာဝန် (First Activity) သည် ၆၆% ပြီးစီးပါက ဒုတိယအလုပ်တာဝန် (Second Activity) ကိုစတင်ခြင်းမျိုး ဖြင့်  ပရောဂျက် လုပ်ငန်းများလုပ်ဆောင်ရန် ကြာချိန်ကို လျှော့ချ၍ စီစဉ်လုပ်ဆောင်နိုင်ပါသည်။ အရဲစွန့်  ရမှူအန္တရာယ် ရှိသော်လည်း ဆိုးရွားသော ပရောဂျက် ကျဆုံးမှူ အခြေအနေမျိုးလောက် မရှိနိုင်သဖြင့်  အများအားဖြင့် ပရောဂျက်စီမံခန့်  ခွဲမှူ နယ်ပယ်တွင် Fast Tracking နည်းစနစ်ကို ကျယ်ပြန့် စွာ အသုံးပြုကြပါသည်။
Crashing နည်းစနစ်သည် ပရောဂျက်၏ အရေးကြီးပြီး၊ မဖြစ်မနေပြီးရမည့် အလုပ်တာဝန်များ (Critical activities) ကိုလုပ်ဆောင်ရန်အတွက် လူအင်အားထပ်တိုးထည့် ကာ လုပ်ဆောင်ခြင်းဖြစ်သည်။ သို့ သော် လူအင်အားထပ်ထည့်  လိုက်တိုင်း လုပ်ငန်းပြီးမြောက်နိုင်စွမ်း တိုးလာသည်တော့  မဟုတ်ပေ။ဥမမာအားဖြင့် လုပ်သားတစ်ယောက်သည် ၁၀ ရက်ကြာလုပ်ရမည့်  မဖြစ်မနေပြီးရမည့်  အလုပ်တာဝန်တစ်ခုကို လုပ်ဆောင်နေသည်ဆိုပါစို့ ။ ကုမ္ပဏီမှ ထိုအလုပ်တာဝန်ကို ၅ ရက်အတွင်းပြီးစေချင်သဖြင့် နောက်ထပ် လုပ်သားတစ်ယောက်ကို ထပ်ထည့် လိုက်သည်။ သို့  သော် ထပ်ထည့် လိုက်သော လုပ်သားသည် ရှိသင့် သော ကျွမ်းကျင်မှူမရှိသဖြင့် တကယ်တမ်း ၅ရက်ပြည့် သောအခါ ထိုအလုပ်တာဝန်သည် မပြီးဘဲ ၈ ရက်မြောက်မှသာပြီး သည် ဆိုပါစို့ ။ ထိုအခြေအနေတွင် ရရှိလာသော အကျိုးကျေးဇူးသည် ၂ ရက်စော၍ပြီးခြင်းသာဖြစ်သည်။ ထိုကဲ့ သို့ သောရလာဒ် သည် လက်တွေ့ တွင် ပရောဂျက်အတွက် သိသိသာသာ အကျိုးများခြင်းတော့ မဟုတ်ပေ။
ထို့ ကြောင့် Crashing လုပ်မည်ဆိုလျှင် လူအင်အား ထပ်ထည့် ၍ အောင်မြင် ပြီးစီး နိုင်မည့် လုပ်ငန်းတာဝန်ပမာဏ နှင့် နောက်တိုးလူအင်အားအတွက် ကုန်ကျစရိတ်တို့ ကို စနစ်တကျ ချင့် ချိန်သင့်  ပေသည်။ အများအားဖြင့် ပရောဂျက်၏ မဖြစ်မနေပြီးမြောက်ရမည့်  အလုပ်တာဝန်များ (Critical Activities) အား သတ်မှတ် ချိန်ထက်စော၍ ပြီးစေရန် ငွေကြေးထပ်မံ ဖြည့် တင်းဆောင် ရွက်နိုင်ပါက Crashing နည်းစနစ်သည် သင့်  တော်သော နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment